79
မင်္ဂလာရှိသူ

KEY: D
၁။ မင်္ဂလာရှိသူ၊ မင်္ဂလာရှိသူ
တရားတော်ကို ဆင်ခြင်အောက်မေ့သောသူများ
ထာဝရဘုရား၌ မွေ့လျော်ခြင်းရှိပြီ
အစဉ်ကာလ ရှင်ဘုရား၌ ဝမ်းမြောက်နေ။

      မြစ် နား၌စိုက်လျက်ရှိသစ်ပင်ပမာ
      ချိန်တန်သီးလျက် အရွက်မညှိုးနွမ်းလေပြီ
      ပြုလေရာတို့၌ အောင်မြင်လျက်ဝမ်းမြောက်နေ
      နေ့စဉ်ညတိုင်း ရှင်ဘုရား၌ ပျော်မွေ့နေ။

၂။ ကောင်းမြတ်မူဘုရား ကောင်းမြတ်မူဘုရား
ကောင်းကြီးချပေး ငါ့ဝိညာဉ်အားပြည့်စေပြီ
ကြွယ်ဝခြင်းကိုပေး ကျန်းမာခြင်းပေးကာ
အောင်မြင်သူထက် အောင်မြင်သောသူ ဖြစ်စေသည်။

၃။ ချီးမွမ်းခြင်းယဇ်ဖြင့် ချီးမွမ်းခြင်းယဇ်ဖြင့်
ကိုယ်တော်ကောင်းမြတ် တော်မူခြင်းကိုမြွက်ဆိုနေ
တရားတော်အောက်မေ့ အောက်မေ့လေဝမ်းမြောက်လေ
ကရုဏာတော် ချီးမွမ်းလျက်မြွက် ဆိုနေမည်။