
78
ထ၍တည်ကြကုန်အံ့
KEY: C
၁။ ဒုစရိုက်ပေါများလှ ဤကမ္ဘာလောကသည်
စာတန်လှောင်အိမ်ထဲ၌များစွာရှိနေ
ဝိညာဉ်ကျွန်ခံသူများနှုတ်ဆောင်သူမရှိပါ
အမှုတော်မဆောင်ဘဲအေးဆေးစွာနေမည်လော။
ထ၍တည်ကြကုန်အံ့၊ ချိန်ကာလရှိနေစဉ်
ကဲ့ရဲ့ခြင်းမရှိစေခြင်းငှာ၊ ဘုန်းတော်ထင်ရှားခြင်းငှာ
တတ်စွမ်းသမျှလုပ်ဆောင်၊ ပျက်စီးသောနေရာများ
ကိုယ်တော်နှင့်တည်ကြစို့။
၂။ လူငယ်လူရွယ်ထလော့၊လုပ်ဆောင်ချိန်ရှိနေစဉ်
ကိုယ်တော်တိုင်ဒို့ရှေ့မှလမ်းပြမူမည်
ကြောက်ရွံ့ခြင်းမရှိဘဲရှေ့သို့ချီတက်ကြစို့
ဘုရားရှင်ကိုယ်တော်တိုင်ဒို့ရှေ့မှာလမ်းပြမည်။
ထ၍တည်ကြကုန်အံ့၊ ချိန်ကာလရှိနေစဉ်
ကဲ့ရဲ့ခြင်းမရှိစေခြင်းငှာ၊ ဘုန်းတော်ထင်ရှားခြင်းငှာ
တတ်စွမ်းသမျှလုပ်ဆောင်၊ ပျက်စီးသောနေရာများ
ကိုယ်တော်နှင့်တည်ကြစို့။
၃။ ယုံကြည်သူအယောက်တိုင်း၊ ကိုယ်တော်အသုံးပြုလို
ဘုရားရှင်သုံးနိုင်ရန်ဆက်ကပ်သက်တာ
ဘုရားမသုံးနိုင်သူမည်သူမျှမရှိပါ
လူကိုမသုံးဘဲနှင့်ဘုန်းတော်မထင်ရှားနိုင်။
ထ၍တည်ကြကုန်အံ့၊ ချိန်ကာလရှိနေစဉ်
ကဲ့ရဲ့ခြင်းမရှိစေခြင်းငှာ၊ ဘုန်းတော်ထင်ရှားခြင်းငှာ
တတ်စွမ်းသမျှလုပ်ဆောင်၊ ပျက်စီးသောနေရာများ
ကိုယ်တော်နှင့်တည်ကြစို့။
၄။ ကိုယ်တော်အမိန့်တော်၌ မရွေ့လျော့မြဲရပ်တည်
ကိုယ်တော်မတတ်နိုင်သောအရာမရှိ
ယေရှုပြန်မလာခင် ဆုတောင်းလျက်လုပ်ဆောင်ကြ
လုပ်ဆောင်ပင်ပန်းသမျှ ကိုယ်တော်ပြန်ဆပ်လိမ့်မည်။
ထ၍တည်ကြကုန်အံ့၊ ချိန်ကာလရှိနေစဉ်
ကဲ့ရဲ့ခြင်းမရှိစေခြင်းငှာ၊ ဘုန်းတော်ထင်ရှားခြင်းငှာ
တတ်စွမ်းသမျှလုပ်ဆောင်၊ ပျက်စီးသောနေရာများ
ကိုယ်တော်နှင့်တည်ကြစို့။