77
ကိုယ်တော်ရှင်သာ

KEY: C
၁။ ကိုယ်တော်ကျွန်ုပ်၏ကွယ်ကာရာကျောက်
ခိုင်မာသောရဲတိုက်လည်းဖြစ်၏
ကိုယ်တော်နှင့်လျှောက်လျှင်
လမ်းခရီးပျော်ရွှင်လေလေ
လက်တော်သည်ကျွန်ုပ်ကိုစောင့်တော်မူ၏
လုံခြုံစွာဝှက်ထားတော်မူပြီ
ကိုယ်တော်ရှင်သာကျွန်ုပ်တို့အောင်မြင်ခြင်း။

      လှောင်အိမ်နှင့်ကျော့ကွင်းထဲမှ
      လွှတ်ခြင်းခံသောငှက်ငယ်ကဲ့သို့
      ကလျက်ခုန်လျက်ကိုယ်တော်ကို
      ကျွန်ပ်ချီးမွမ်း
      အပြစ်များဖြေလွှတ်ခဲ့ပြီ
      ဒဏ်ချက်တော်ဖြင့်ကျန်းမာစေပြီ
      ငြိမ်သက်ခြင်းနှင့်ပြည့်စေပြီ
      အသက်တာနေ့ရက်အစဉ်။

၂။ သေမင်းအရိပ်လွှမ်းမိုးသောချိုင့်ထဲ
လျှောက်သွားရသော်လည််းမကြောက်ပါ
လှံတံနှင့်တောင်ဝှေးတော်သည်ချမ်းသာစေပြီ
ကျွန်ုပ်ရန်သူများရှေ့မှောက်တွင်
စားပွဲခင်းလျက်ကျွေးမွေးပြီ
ကိုယ်တော်ရှင်သာကျွန်ုပ်တို့အောင်မြင်ခြင်း။