74
သူသည်ငါ့ကိုခေါ်သောအခါ

KEY: C
၁။ မေတ္တာနှင့်ငါ့ကိုခိုလှုံနေသောကြောင့်
သူ့အားငါကယ်နှုတ်မူမည်
သူသည်ငါ့နာမတော်ကိုသိသောကြောင့်
မြင့်သောအရပ်၌ငါချီးမြှောက်မည်။

      သူသည်ငါ့ကိုခေါ်သောအခါငါထူးမူမည်
      ဒုက္ခခံသောအခါသင့်ဘက်၌ငါရှိမည်
      သင့်ကိုကယ်မ၍ဘုန်းထင်ရှားစေမည်
      ရှည်သောအသက်နှင့်သင့်ကိုရောင့်ရဲစေမူမည်။

၂။ သင့်ပေါ်မှာဒုက္ခ
သင့်အိမ်တွင်မောခြင်း
ရောက်ရန်ခွင့်ပေးတော်မမူ
အတောင်တော်အောက်၌သင်မကြောက်ရပါ
ကောင်းကင်တမန်စောင့်ရှောက်လိမ့်မည်။

၃။ နေ့ချိန်ပစ်သောမြှားမှောင်မိုက်ကာလနာ
သင့်အားမထိခိုက်စေရ
သင့်ဘေးတွင်တစ်ထောင်၊သင့်နားတွင်တစ်သောင်း
လဲသော်လည်းသင်မကြောက်ရပါ။