73
ယေဟောဝါဘုရား

KEY: D

၁။ ယေဟောဝါရှာလုမ်ငြိမ်သက်ခြင်းအရှင်
လက်ခံယုံကြည်သောအခါ
မမှီနိင်သောငြိမ်သက်ခြင်းရှိပြီ
ဤလောကတွင်အသက်ရှင်စဉ်ခါ
ဝမ်းနည်းခြင်းကြုံတွေ့သော်လည်း
ငြိမ်သက်ခြင်းယေဟောဝါရှာလုမ်။

      အိုဝမ်းမြောက်ကိုယ်တော်ထံ၌
      အိုဝမ်းမြောက်ကခုန်လျက်နှင့်
      ဂုဏ်တော်ကိုသီချင်းသစ်ဖြင့်ချီးမွမ်းမည်
      ယေရှုနှင့်တွေ့ခဲ့ပြီးပြီ
      ကောင်းမြတ်ကြောင်းမြည်းစမ်းသိပြီ
      အရာခပ်သိမ်းပြည့်စုံစေယေဟောဝါဘုရား။

၂။ ကျွန်ပ်အပြစ်များဖြေလွှတ်ခဲ့သူ
အနာရောဂါငြိမ်းစေသူ
တွေ့ခဲ့ပြီယေဟောဝါရာဖ
ဒုက္ခဆင်းရဲဝမ်းနည်းခြင်းများ၊
စုံစမ်းခြင်းအရာများပေါ်၌
အောင်မြင်ခြင်း၊ယေဟောဝါနီစီ။

၃။ ယေဟောဝါယေရဲ့ပြည့်စုံစေသူ၊
ယနေ့ထက်တိုင်မစသူ
ငါ့အတွက်ကောင်းမြတ်ဆုံးဘုရား
ဘုန်းတော်ထဲ၌ရှိသောစည်းစိမ်၊
လိုသမျှပြည့်စုံစေသည်
ပြည့်စုံခြင်းယေဟောဝါယေရဲ။