72
ဘုရားပိုင်သောဘုရားသားများ

KEY: C
      ဘုရားပိုင်သောဘုရားသားများ
      ရှေးမဆွကရွေးနှုတ်ခဲ့သူများ
      ဘုရားပိုင်သောဘုရားသားများ
      ရှေးမဆွကရွေးနှုတ်ခံသူများ။

၁။ ယခင်အပြစ်သွေးဆောင်၍
အဝေးရောက်သော်လည်း
ယခုအသွေးတော်မြတ်ကြောင့်
ကိုယ်တော်ထံရောက်ပြီ
ယေရှုလက်ဝါးကားတိုင်ကြောင့်
ဧည့်သည်လည်းမဟုတ်
ကိုယ်တော်၏အိမ်တော်သားများဖြစ်ပြီ။

၂။ ဝိညာဉ်အတွက်အသက်ရှုပါ
စဉ်မြဲဆုတောင်းပါ
ဝိညာဉ်အစာကျမ်းစာကိုနေ့စဉ်ဖတ်ရှုပါ
ဝိညာဉ်အရှိန်ကိုမြှင့်၍အမှုတော်ဆောင်ပါ
ဤသည်ခရစ်ယာန်သက်ရှင်ခြင်းဖြစ်သည်။

၃။ ဝိညာဉ်ကောင်းကြီးရဖို့ရန်၊ကျေးဇူးချီးမွမ်းခြင်း
ဝိညာဉ်အမွေခံဖို့ရန်၊ကောင်းမှုပြုခြင်းများ
ဝိညာဉ်အတွက်လွတ်လပ်ရန်၊ကခြင်းခုန်ခြင်းများ
ဤအရာများဆေးဝါးထက်ကောင်းပေ။