
71
မစိုးရိမ်နှင့်
KEY: C
၁။ ငါ့စိတ်ချမှုတစ်ခုရှိ၊မစိုးရိမ်နှင့်ငါ့သား
ခွန်အားပေးနူးညံ့သောအသံကြား
သင့်အတွက်လမ်းငါဖွင့်ပေး၊
ဝမ်းနည်းခြင်းချိုင့်ဝှမ်းများ
မျှော်လင့်ချက်မြို့တံခါးဖြစ်စေမည်။
စိုးရိမ်ခြင်းမရှိနှင့်ငါ့သား၊
ဘုန်းတန်ခိုးအလုံးစုံငါပေးပြီး
ငါ့ကိုသာယုံကြည်လျှင်၊
ငါပြုသောမှုတို့ထက်
ကြီးသောမှုတို့ပြုမည်၊
ကတိတော်မြတ်စဉ်တည်မြဲ။
၂။ သန့်ရှင်းဝိညာဉ်နိုးဆော်၊
ကိုယ်တော်၏ဘုန်းတော်တွက်
သင့်လက်တို့၌ဘိသိက်တန်ခိုးငါထား
သင့်နှုတ်ကိုတို့ထိပြီ၊
နှုတ်ကပတ်တော်သမ္မာတရား
ငါဘိသိက်ထားပေးပြီးမစိုးရိမ်နှင့်။
၃။ သင့်ဆုံးရှုံးနိုးဆော်၊
အောင်မြင်ခြင်းဖြင့်လျှောက်လှမ်းမည်
အားယူ၍ရဲရင့်ခြင်းရှိစေ၊
အားမလျော့စိတ်မပျက်နှင့်
သင့်ရှေ့၌အောင်မြင်ခြင်းက
စောင့်လျက်ကြိုခြင်း
အောက်မေ့ကာမစိုးရိမ်နှင့်။