
70
ကျွန်ုပ်အသက်တာလှပတင့်တယ်စေ
KEY: C
၁။ မျှော်လင့်ခြင်းမဲ့နေစဉ် စိတ်ချမှုရောက်ရှိလာ
ငါရှေ့တွင်တိမ်မဲကြီး၊ ရောက်လာ၍လမ်းခရီး
မှောင်၍ကြောက်ရသော်လည်း
အလင်းနေထွန်းတောက်သည်
ငါ့အတွက်ကြွလာ ဘုရင်ရှင်ယေရှု။
ငါ့အတွက်ကိုယ်စား သေခံရှာ ကျွန်ုပ်သခင်
သက်ထာဝရခရီး ပို့ဆောင်ပြီ
ငါ့အတွက်ကိုယ်စား ရှုံးခံရှာ ကျွန်ုပ်သခင်
ကျွန်ုပ်အသက်တာလှပတင့် တယ်စေ။
၂။ သက်တာခရီးမောပန်း နွမ်းနယ်လျက်အားအင်ကုန်
ခါတရံခြောက်သွေ့မြေ၊ ရေမရှိအရပ်၌
သစ်ပင်လိုငါဘဝ၊ လေတိုက်၍ခြောက်သွေ့လာ
ရှိနေစဉ်ခါ ယေရှုပြေးကယ်လာ။
၃။ ငါ့အတွက်ကိုယ်စားရပ်တည်၊ ငါ့တွက်ကိုယ်စားပြင်ဆင်
ငါ့တွက်ကိုယ်စားခံရှာ၊ ငါ့တွက်ကိုယ်စားလုပ်ပေး
ငါ့တွက်တောင်းပန်ဝန်ချ၊ ငါ့တွက်ပြစ်တင်ခံရှာ
ပြစ်ကျွေးအားလုံး၊ ပေးဆပ်ကျေအေးစေ။