69
ပြန်လှမ်းခဲ့ပါမိတ်ဆွေ

KEY: C
၁။ နိုင်ငံတော်နှင့်ဖြောင့်မတ်ခြင်း
တရားတော်နှင့်အလိုတော်
ဆင်ခြင်အောက်မေ့နက်နဲစွာ၊
လောကစည်စိမ်းများနှင့်
အခြားသောအရာများထက်၊
ရှေးဦးစွာရှာကြလျှင်
လိုအပ်သမျှနောက်မှပေးလိမ့်မည်။

      ပြန်လှမ်းခဲ့ပါချစ်မိတ်ဆွေ
      တရားတော်ကိုဆင်ခြင်အောက်မေ့ရင်းနှင့်
      အထံတော်ဝင်ကြစို့၊ခက်ခဲမှုနှင့်ပူပန်မှုများသည်
      အရည်ပျော်သွားလိမ့်မည်ယေရှုအောင်ခြင်း၌
      ကောင်းကြီးများသွန်းလောင်းမူလိမ့်မည်။

၂။ တရားတော်၌မွေ့လျော်၊
ဝိညာဉ်တော်၌ပျော်မွေ့
တရားတော်၌ဝမ်းမြောက်လျှင်၊
ငါတောင့်တချက်သူသိ
လိုအပ်ချက်များလည်းရှိအားကိုးသောသူများတွက်၊
လိုသမျှထက်ပို၍ပေးလိမ့်မည်။

၃။ ဘေးဒုက္ခရောက်သောခါ၊
ပူပန်မှုရောက်သောခါ
ဆာလောင်မွတ်သိပ်ကြုံသောခါ
မျက်နှာတော်သာရှာစို့မျက်နှာတော်ဖူးမျှော်စို့
လူကိုကိုးစားခြင်းထက်ဘုရင်ယေရှုကိုသာကိုးစားစို့။

၄။ မာန်မာနကြီးခြင်းမှ၊စိတ်နှလုံးနှိမ့်ချကာ
ကိုယ်တော်ရှင်ထံချဉ်းကပ်စို့၊
စိတ်နှလုံးသွန်းလောင်း၍
အပြစ်များဝန်ချတောင်းပန်၊
သို့ပြုလျှင်နိုင်ငံ၌
ကျန်းမာချမ်းသာခြင်းပြည့်စုံစေမည်။