68
အောင်မြင်သောနေ့ရက်

KEY: C
၁။ စမ်းရေအေးသည်ရေငတ်သူများ
အငတ်ပြေစေသကဲ့သို့
ညှင်းဆဲခြင်းခံကြေကွဲသောသူများ
ကယ်တင်ခြင်းလမ်း
ကြောင်းမှ၊ပို့ဆောင်လွတ်မြောက်စေသောအခါ
ဝမ်းသာလွန်း၍အိပ်မက်ပမာခံစား။

      ထိုကဲ့သို့ပင်၊ထိုကဲ့သို့ပင်
      သေခြင်းနှင့်ငရဲမှကိုယ်တော်ကယ်တင်ခဲ့
      ဣသရေလများကိုဘုန်းစည်းစိမ်နှင့်
      ပို့ဆောင်သကဲ့သို့
      ကျွန်ပ်တို့အတွက်ယေရှုကြွလာခဲ့။

၂။ ပင်လယ်နီဖြတ်သန်းခဲ့စဉ်
ခြောက်သွေ့သောမြေ၌လျှောက်
စေ၊နေ့ချိန်တိမ်တိုက်ညချိန်မီးတိုင်ကြီး၊
အဝတ်အစားများလဲမဆုတ်၊
ခြေတောက်လဲမယောင်ခဲ့ပါ
ချို့တဲ့မှုမရှိဘဲပို့ဆောင်ခဲ့။

၃။ ညှင်းဆဲခြင်းခံ၍ညည်းတွား၊
အော်ဟစ်ဆုတောင်းကြသော
အခါ၊ကတိထားခဲ့ရာများအောက်မေ့ကာ၊
အာဗြဟံနှင့်ဘုရား၏နာမတော်ကိုထောက်ရှုကာ
သနားကြင်နာစွာဖြင့်ကယ်တင်ခဲ့။

၄။ သူတို့သည်လျှောက်သွားခဲ့၍
ဧည့်သည်အာဂန္တုဖြစ်ချိန်
သူတို့ကိုဘယ်သူမျှမနှိပ်စက်ရ
ပရောဖက်များကိုမထိရ၊ဘုရင်များကိုမှာကြားကာ
သူ၏လူများကိုစောင့်ရှောက်ခဲ့သည်။

၅။ အသားတောင်း၍ငုံးသားပေး
ကောင်းကင်မန္နကိုချပေး
စားဖို့သောက်ဖို့မပြတ်အစဉ်ချပေး
သောက်ဖို့ရေကျောက်ဆောင်မှထွက်
မြစ်ရေကဲ့သို့စီးဆင်းစေ၊
ဝမ်းမြောက်သီချင်းဆိုလျက်ပို့ဆောင်ခဲ့။