67
ကိုယ်တော်ရှင်ပေးတဲ့သက်တာ

KEY: E
၁။ ကိုယ်တော်ရှင်ပေးတဲ့အသက်တာများစွာ
ပြန်လည်ကာစဉ်းစားရင်းအသက်ရှင်လိုက်စမ်းပါ
ဂုဏ်တော်ချီးမွမ်းနေ့စဉ်အသက်တာ
ရေတွက်ရင်းနဲ့ဟာလေလုယာ။

      ဒုက္ခရောက်တဲ့နေ့ရက်ရှိသလို
      သုခတွေ့တဲ့နေ့ရက်ရှိမယ်
      ဝမ်းမြောက်ခြင်းများတွေ့ကြုံရသလို
      ဝမ်းနည်းခြင်းများတခါတလေကြုံနိုင်တယ်။

၂။ ဘယ်လိုဘဲဖြစ်ဖြစ်ချီးမွမ်းလိုက်စမ်းပါ
ကိုယ်တော်ရှင်လျှောက်ခဲ့တဲ့လမ်းလောက်ဒို့မကြမ်းပါ
ရင်မှာလေတွေးကြည့်ချီးမွမ်းနိုင်လိမ့်မည်
ပျော်ရွှင်ခြင်းများရရှိလိမ့်မည်။

      ဒုက္ခထဲကချီးမွမ်းခြင်းတွေ
      သုခထဲကဝမ်းမြောက်ခြင်းတွေ
      ဆင်းရဲခြင်းမှထွက်မြောက်ခြင်းတွေ
      ဘယ်အခြေအနေမဆိုရင်ဆိုင်အနိုင်ယူဖွယ်။