65
ကိုယ်တော်၏နေရပ်၌သာပျော်ရွှင်

KEY: D
၁။ ကိုယ်တော်ရှိသောနေရပ်၌
ကျွန်ပ်စိတ်ဝိညာဉ်ပျော်ရွှင်
ငိုယိုညိုးနွမ်းမှုများနှင့်အစဉ်ကင်းလေ
နံနက်ဖူးပွင့်ပန်းကဲ့သို့ပွင့်လန်းစိုပြေပြုံးရွှင်နေ
ကိုယ်တော်၏နေရပ်၌သာစဉ်ပျော်ရွှင်။

      ကိုယ်တော်၏နေရပ်၌သာစဉ်ပျော်ရွှင်
      နေ့နှင့်ညနာရီချိန်တိုင်း
      ကျွန်ုပ်ခိုလှုံရာဖြစ်သည်။

၂။ ကိုယ်တော်ရှိသောနေရပ်၌
လွတ်လပ်ဝမ်းမြောက်ခြင်းရှိပေ
ဂုဏ်ပြိုင်ခြင်းရန်တွေ့ခြင်းအလျဉ်းမရှိ
နေ့ခင်းချိန်နှင့်ညချိန်မှာ
ကျွန်ုပ်စွဲလမ်းရာဖြစ်သည်
ကိုယ်တော်၏နေရပ်၌သာစဉ်ပျော်ရွှင်။

၃။ ကိုယ်တော်ရှိသောနေရပ်၌
မိတ်ဆွေကောင်းကိုယ်တော်ဖြစ်သည်၊
ကိုယ်တော်၌သာအစဉ်အမြဲခိုလှုံမည်၊
ပြုလေရာ၌အောင်မြင်ခြင်း
သွားလေရာ၌ပြုံးရွှင်ခြင်း
ကိုယ်တော်၏နေရပ်၌သာစဉ်ပျော်ရွှင်။

၄။ ကျွန်ုပ်ကယ်တင်သက်သခင်
ခိုလှုံရာကျောက်ဆောင်ဖြစ်သည်၊
နေ့ရက်တိုင်းကွယ်ကာစောင့်မတော်မူမည်
မျှော်လင့်ချက်မဲ့လူသားတွက်၊
မိတ်ဆွေကောင်းကယ်တင်အရှင်၊
ကိုယ်တော်၏နေရပ်၌သာစဉ်ပျော်ရွှင်။