64
ငှက်ကဲ့သို့ပျံဝဲသွားမည်

KEY: D
၁။ သခင်ယေရှုဤသို့မိန့်ဆို
ငါသည်လျင်မြန်စွာပြန်လာမည်
သန့်ရှင်းသူများကိုသိမ်းဆည်းမည်
ယုံကြည်သူ၊သေသူ၊ထမြောက်မည်
မျက်စိတမှိတ်တွင်ပြောင်းလဲမည်
ရွှေအိမ်ဆီသို့ငှက်ကဲ့သို့တက်သွားမည်။

      ငှက်အလားကျွန်ုပ်ပျံဝဲသွားမည်
      အရှေ့အနောက်တောင်မြောက်၌ရှိ
      ယုံကြည်သူများဆုံဆည်းကြမည်
      ရွှေအိမ်ဆီသို့ငှက်ကဲ့သို့တက်သွားမည်။

၂။ ယေရုရှလင်ရွှေမြို့သစ်၌
ကောင်းကင်တမန်များဆုံဆည်း၍
ယုံကြည်သူများနှင့်တွေ့ဆုံမည်
ဟာလေလုယာ၊ ဟာလေလုယာ
ဟာလေလုယာ၊ ဟာလေလုယာ
ရွှင်လန်းဝမ်းမြောက်လျက်
ဘုရားရှင်ချီးမွမ်းမည်။

၃။ ရွှေအိမ်ကိုကျွန်ုပ်တို့ရောက်လျှင်
ကိုယ်တော်ရှင်မျက်ရည်သုတ်ပေးမည်
အိုခြင်းသေခြင်းမရှိလေပြီ
ဟာလေလုယာ၊ ဟာလေလုယာ
ဟာလေလုယာ၊ ဟာလေလုယာ
ရွှင်လန်းဝမ်းမြောက်လျက်
ဘုရားရှင်ချီးမွမ်းမည်။