62
ချီးမွမ်းခြင်းယဇ်
KEY: D
ဘုန်းတန်ခိုးတော်ခံယူပြီ
ဘုရားသားဖြစ်ရသောကြောင့်
ချီးမွမ်းခြင်းယဇ်မှအပ
အကြွေးဘာမျှမရှိပေ။
၁။ မစမည့်သူမရှိ၍
မျက်ရည်ပြည့်လျက်ညည်းတွားစဉ်
မျက်ရည်အကုန်သုတ်ပေးပြီး
ရင်ခွင်တော်၌ပွေ့ချီပြီ။
၂။ ကိုယ်ခန္ဓာဖျားနာနေစဉ်
ကြင်နာမည့်သူမရှိ၍
ထပါကျန်းမာပြီဆိုပြီး
မိန့်တော်မူစဉ်ကျန်းမာပြီ။
၃။ ကြောက်စိတ်လုံးဝမရှိပေ
မစသောသခင်ရှိပြီ
အပြစ်ကသွေးဆောင်သော်လည်း
ယေရှုရှင်နှင့်သက်ရှင်ပြီ။