61
တရားတော်၌မွေ့လျော်၏

KEY: C
၁။ တရားတော်၌မွေ့လျော်၏
တရားတော်၌မွေ့လျော်၏
ကိုယ်တော်၏တရားတော်၌မွေ့လျော်၏
မျက်စိပွင့်လင်းစေ၊စိတ်ကိုချမ်းသာစေ
တရားတော်၌ကျွန်ုပ်ကိုပို့ဆောင်ပါ။

      နှုတ်ကပတ်တော်သည်မီးခွက်ဖြစ်၏
      (ဟာလေလုယ)
      လမ်းခရီးကိုအလင်းပေးတော်မူ၏
      အံ့ဩဖွယ်အရာများတွေ့မြင်စေလိုငှာ
      တရားတော်၌ကျွန်ုပ်ကိုပို့ဆောင်ပါ။

၂။ လူတို့အသက်ရှင်ခြင်းသည်၊
မုန့်အားဖြင့်သာမဟုတ်ပေ
နှုတ်ကပတ်အားဖြင့်အသက်ရှင်ပါ၏
ဤသို့သိလိုငှာမန္နကိုပေး၏
ကန္တာရခရီးတွင်ကိုယ်တော်သွန်သင်ခဲ့ပြီ။

၃။ ကိုယ်တော်ကိုကိုးစားသောသူ
ကိုယ်တော်ကိုကိုးစားသောသူ
ညအိပ်ချိန်ခါတွင်စောင့်ရှောက်တော်မူ၏
တရေးနိုးသောခါနှုတ်ဆက်တော်မူမည်
သင်၏အသက်တာသွန်သင်လမ်းပြမူမည်။