48
သွားကြသွားကြ

KEY: C
၁။ သွားကြသွားကြ ခရစ်၌အသက်ရှင်ကြသူများ
မြေပေါ်ရှိ ဝေနေယျသတ္တဝါအပေါင်းတို့ထံ
ဤပြည်၌ သတင်းကောင်းကို ပြောကြ၍
မပြီးဆုံးသေးခင် မရပ်မနား လုပ်ဆောင်ကြစို့
ကိုယ်တော်အမိန့်တော်တိုင်း။

      သွားကြသွားကြ သွားကြပါ
      မြေပေါ်ရှိ ဝေနေယျသတ္တဝါအပေါင်းတို့ထံ
      ဤပြည်၌ သတင်းကောင်းကို ပြောပြ၍
      မပြီးဆုံးသေးခင် အဓိက ထား၍ပြောကြပါ
      သတင်းကောင်းမြတ်ကို။

၂။ သေဖို့ခေါ်ခြင်း ခံသူများအမြန်ကယ်တင်ကြ
နားထောင်ငါ မသိဟုသင်ဆင်ခြင်ပေးခဲ့လျှင်
စိတ်နှလုံး ကြည့်ရှု သူ ရှေ့၌ အရာခပ်သိမ်း ထင်ရှားသည်
လူတိုင်းလုပ် ဆောင်သမျှတိုင်းပြန်ပေးဆပ်ရလိမ့်မည်။

၃။ အပြစ်သားများ အပြစ်ကိုစွန့်ပစ်ဖို့နှင့်
ခရစ်တော်၏ ကယ်တင်ခြင်းအကြောင်း သင်မပြောခဲ့လျှင်
သူတို့၏ အပြစ်၌ ပျောက်ဆုံးပျက်စီးခြင်း ရောက်ခဲ့လျှင်
သူတို့အသွေး ကိုသင့်ထံ၌ငါတောင်းခံရလိမ့်မည်။