47
လောကသားများကသိခဲ့လျှင်

KEY: C
၁။ ဤလောက သားများက ကိုယ်တော်ကို သိခဲ့လျှင်
ပြက်ရယ်ပြု ခြင်းဖြင့်သတ် ရမည်လော
သူတို့အတွက် အသက်နှင့် ကျန်းမာခြင်း ဖြစ်ခြင်းကို
လောကသား များဘယ်ချိန် သိမည်နည်း။

      လောကတွက် ကဲ့ရဲ့ ခြင်းခံရာ တိုင်တွင်
      ယေရှုခရစ် သက်တော်ကို စွန့်မူ၏
      သူတို့တွက် သေခံခြင်း လောကသား သိပါစေ
      မေတ္တာရှင် ကယ်တင်ရှင် ယေရှုခရစ်။

၂။ ကိုယ်စားခံ ယေရှုခရစ် ဒုက္ခခံ သေခြင်းဖြင့်
သင့်အနာ ရောဂါအားလုံးကယ်တင်ပြီ
သင့်ကိုယ်စား ခံသူကို မယုံဘဲ ရှိသလော
ယေရှုခရစ် လူသားများ ကယ်တင်ရှင်။

၃။ လောကသည် အသက်နှင့် ကျန်းမာခြင်း သမ္မာတရား
ကဲ့ရဲ့၍ ဆန့်ကျင်လျက် တိုက်သော်လည်း
ကျွန်ုပ်တွက် အသက်နှင့် ကျန်းမာခြင်း ပြည့်စုံစေ
လောကသိ စေရန်သက် သေခံမည်။