39
ယေရုရှလင်သစ်

KEY: G
၁။ မျက်စိကန်းနေ၍မပွင့်လင်းသူ
စိမ်းလန်းသစ်ပင်ပန်းပွင့်မမြင်သော်လည်း
ကယ်တင်ရှင်ယေရှုထံသို့ရောက်သောခါ
မျက်စိပွင့်လင်းလိမ့်မည်၊ယေရုရှလင်သစ်မှာ။

      ဝမ်းမြောက်စွာသီချင်းဆို
      ဟာလေလုယာချီးမွမ်းမည်
      ဘေးကင်းရာရွှေအိမ်တော်သို့ရောက်ချင်လှ
      ဝမ်းနည်းခြင်းမျက်ရည်သုတ်တော်မူလိမ့်မည်
      သန့်ရှင်းသူတိုင်းရှိမည်၊ယေရုရှလင်သစ်မှာ။
      
၂။ ခြေဆွံ့သူဒရယ်ကဲ့သို့ခုန်မည်
စကားအနေသူတိုင်းသီချင်းဆိုမည်
လောကဝမ်းနည်းခြင်းရှိသူအားလုံးတို့
ဝမ်းမြောက်သီချင်းဆိုမည်ယေရုရှလင်သစ်မှာ။

၃။ ကိုယ်ခန္ဓာပြည့်စုံ၍မရှိသူ
မျက်နှာပွန်းပဲ့သူများရှိနေသော်လည်း
သန့်ရှင်းသူအားလုံးတို့ဆုံတွေ့ကြသောအခါ
ဝမ်းမြောက်ပျော်ရွှင်ရမည်ယေရုရှလင်သစ်မှာ။