36
ရှင်ယေရှုကျွန်ုပ်၏ကယ်တင်ရှင်

KEY: D
၁။ ရှင်ယေရှု ကျွန်ုပ်၏ကယ်တင်ရှင်
ချီးမြှောက်ထိုက် ကိုယ်တော်ကိုစောင့်မျှော်စဉ်
ကြောက်မက် ဖွယ်လှိုင်းတံပိုးများနှင့်
သေခြင်း ကျော့ကွင်းတွင်မိလျက်နေ။

      ကိုယ်တော် ကျွန်ုပ်ခိုလှုံရာကျောက်ဖြစ်သည်
      ကယ်တင်ရှင် ယေရှုငါ့တွက်ဖြစ်သည်
      ကျွန်ပ် ဒိုင်းလွှားနှင့်ကွယ်ကာရာ
      လုံခြုံ ဘေးကင်းရာလည်းဖြစ်သည်။

၂။ ဒုက္ခကြား မှကိုယ်တော်ကိုခေါ်၍
ခေါ်သံကို ကိုယ်တော်သည်ကြားမူ၏
ဒုက္ခ မှောင်မိုက်မှရွေးနှုတ်ကာ
ပိုက်ထွေး ကိုယ်တော်ရင်ခွင်ထဲတွင်။

၃။ ကိုယ်တော်၏ ရင်ခွင်တော်ငြိမ်သက်ရာ
မေတ္တာဖြင့် ပိုက်ထွေးယုယကြင်နာ
နက်ရှိုင်း ကြင်နာကိုပေးမျှကာ
ကြောက်စိတ် လွင့်ပျောက်ကျွန်ုပ်သက်တာ။