33
လက်ဝါးကပ်တိုင် ကျွန်ုပ်ချီးမြှောက်ရာ

KEY: C
၁။ ဝိညာဉ်ကျွန်ခံရအပြစ်ဝန်ထမ်းလျက်
ဝမ်းနည်းအံ့ဩခြင်း နှင့်ကျွန်ုပ်လျှောက်စဉ်
ကရာနီလက်ဝါး ကပ်တိုင်သေခံခြင်း
ကိုယ်တော်သည်အောင်ခြင်းခွင့်ပေးပြီ။

      လက်ဝါး ကပ်တိုင် အပြစ်သား
      ကျွန်ုပ်ဖြောင့် မတ်စေသည်
      လက်ဝါး ကပ်တိုင် ကပ်တိုင်
      ကျွန်ုပ်ချီး မြှောက်ရာ။
      
၂။ အစွမ်းမရှိကျွန်ုပ် အပြစ်များပြား
ကိုယ့်ဥာဏ်မှီပြု၍ ကောင်းဖို့ကြိုးစားလည်း
ကြေကွဲဝမ်းနည်းခြင်း နှင့်သောကလမ်းဆုံး
ကိုယ်တော်သည်အောင်ခြင်းခွင့်ပေးပြီ။

၃။ အပြစ်သားကျွန်ုပ် ကားတိုင်ပေါ်သေခံ
ကျွန်ုပ်၌ ခရစ်တော် သည်အသက်ရှင်၏
ဤလောက၌ကျွန်ုပ် လမ်းမပျောက်ပြီ
ယေရှုခရစ် အောင်ခြင်းခွင့်ပေးပြီ။

၄။ ကြေကွဲသောကအ သက်တာ၌ရောက်လည်း
မကြောက်ပါခရစ်သည် ကျွန်ုပ်၏ရင်အုပ်
တန်ဆာဖြစ်၏နေ့ စဉ်ချီးမွမ်းဆိုမည်
ယေရှုခရစ် အောင်ခြင်းခွင့် ပေးပြီ။