25
ရွှေပြည်တော်

KEY: D
၁၊၊ ဤလောက၌နှစ်လရက်ကြာမနေပါ
ထာဝရအသက် နေ့စဉ်နှင့် နီးကပ်စဉ်
ထွန်းတောက်ကိုယ် တော်နိုင်ငံဝင်စားမည်
ယေရှုနှင့် လျှောက်လှမ်းကြမည်
ထာဝရထက်ကောင်းကင်၌။

      ရွှေ ပြည်တော်တံခါးဖွင့်ကြမည်
      ဝင်စားကြမည်ယုံကြည်သူတိုင်း
      ကိုယ်တော်တွေ့ သောခါဝမ်းမြောက်ပြည့်စုံမည်
      ယေရှုနှင့် လျှောက်လှမ်းကြမည်
      ထာဝရထက်ကောင်းကင်၌။

၂၊၊ ကိုယ်တော်ပြင်ဆင်ပေးသောနိုင်ငံတော်ရောက်မည်
ကြောက်ရွံ့ခြင်းကင်း မဲ့နေထို နိုင်ငံ၌
ရှုပ်ထွေးမူ နှင့်အပြစ် မရှိတော့ပါ
ယေရှုနှင့် စံမြန်းကြမည် ကိုယ်တော်၏နိုင်ငံတော်၌။

၃၊၊ ခက်ခဲခြင်းနှင့်ဝမ်းနည်းခြင်းမရှိတော့ပါ
ရွှေပြည်တော်၏ လှပခြင်း ဝင်စားချိန်
သေခြင်းဖြင့် ခွဲခွာသူပြန်ဆုံမည်
ယေရှုနှင့် လက်တွဲလျှောက်လျှက် ထာဝရထက်ကောင်းကင်၌

၄၊၊ လှပသောဘုံစည်းစိမ်နှင့်ဆင်မြန်းကြမည်
ရွှေပြည်တော်၏ တံခါးဖွင့် ကြသောအခါ
ဂုဏ်တော်ချီး မွမ်းမည် တဖက်ကမ်း၌
သတ်ပြီးသိုး သူငယ်ချီးမွမ်း ထာဝရထက်ကောင်းကင်၌