24
ကိုယ်တော်မြတ်ထံ ကျေးဇူးချီးမွမ်းမည်

KEY: D
၁။ ကိုယ်တော်မြတ်ထံ ကျေးဇူးချီးမွမ်းမည်
အသက်စာစောင်တွင်ကျွန်ုပ်အမည်ရှိပြီ
အရောင်မမှိန် မပျက်စီးနိုင်သော
လက်တော်ဒဏ်ချက်ဖြင့်ရေးမှတ်ပြီ။

      ကိုယ်တော်မြတ်ထံ ကျေးဇူးချီးမွမ်းမည်
      ချီးမွမ်းကိုးကွယ် ခြင်းဖြင့်ပူဇော်သည်
      ကျေးဇူးချီးမွမ်း ယဇ်ယူဆောင်လာမည်
      အမြင့်ဆုံးဘုရားကျွန်ုပ်ဝမ်းမြောက်။
      
၂။ သာယာမြစ်နား သိုးသူငယ်ကဲ့သို့
စားဖို့သောက်ဖို့ ဝတ်ဖို့နေဖို့အိမ်
နေ့စဉ်သုံးဖို့ လိုအပ်ငွေကြေးများ
ထောက်ပံ့ပေးသောကျွန်ုပ်ဘုရား။

၃။ ကိုယ်တော်ကျေးဇူး ကျွန်ုပ်ချီးမွမ်းမည်
အခမဲ့အသက်ရှုဖို့လေပြင်ဆင်ပေး
နေနှင့်လကြယ် သောက်သုံးဖို့ရေများ
မေတ္တာသက်သက်သုံးခွင့်ပေးသည်။