22
ယဇ်ပူဇော်ခြင်းများ

KEY: D
(ဝတ်ပြုရာ၁-၄)
၁။ ဣ သရေလများ ဘု ရားရှေ့မှောက်တွင်
မွှေး ကြိုင်အံ့သောငှါ မီး ရှို့ရာယဇ်ကို
ပူ ဇော်တတ်ကြသည် ကျွန်ုပ်တို့အတွက်
သ ခင်ယေရှုပူဇော် ကျွန်ုပ် မွှေးကြိုင်မူပြီ။

၂။ ဘော ဇဉ်ပူဇော်သက္ကာ ပူ ဇော်သောအခါ
မုန့် ညက်တလက်ဆွန်း ဆီ အချို့တို့နှင့်
လော ဗန်ရှိသမျှ မီး ရှို့ရသကဲ့သို့
သ ခင်ယေရှုပူဇော် မွှေးကြိုင် သောယဇ်ပေတည်း။

၃။ မိ ဿဟာယယဇ် ပူဇော်သောအားဖြင့်
လူ နှင့်ဘုရားသည် ရန် ငြိမ်းကြသည်နည်း
ကိုယ် တော်ယေရှုသည် အ သေခံခြင်းဖြင့်
ရန် ငြိမ်းရသောအခွင့် ကျွန်ုပ် ခံစားရပြီ။

၄။ ကျူး လွန်သောအပြစ် အ သွေးအားဖြင့်သာ
ဆေး ကြောနိုင်မူရာ ကျွန်ုပ် တို့၌
သန့် ရှင်းသောအသွေး မ ရှိသောအခါ
ယေ ရှုအသွေးပူဇော် ကျွန်ုပ် သန့်ရှင်းမူပြီ။