171
အစဉ်ရွှင်လန်းဝမ်းမြောက်ရွှင်လန်းမည်

KEY: C

၁။ အစဉ်ရွှင်လန်း ဝမ်းမြောက်ရွှင်လန်းမည်၊
သက်ထာဝရအမှန်ရပေပြီ၊
သခင်ခရစ်တော်မြတ်ကို ယုံသူများ
ဆက်ဆက်ရကြ သက်မြတ်ထာဝရ၊

ဝမ်းမြောက်လျက်၊ ရွှင်လန်းလျက်၊
ပြတ်မလပ်အစဉ် ဝမ်းမြောက်လျက်ရွှင်လန်း
ဝမ်းမြောက်လျက်၊ ရွှင်လန်းလျက်၊
ဘုန်းပွင့်နေ့ကိုစဉ် ရှေ့မြင်လျက်ရွှင်လန်း။

၂။ အစဉ်ရွှင်လန်းဝမ်းမြောက်ရွှင်လန်းသင့်၊
သန့်ရှင်းသူတိုင်း ဘုန်းဝင်ရန်မျှော်လင့်၊
ဘုန်းကိုထောက်၍ ဒုက္ခဆင်းရဲကို
မူမထားဘဲ မျှော်လင့်ရွှင်လန်းစို့။

၃။ အစဉ်ရွှင်လန်း ဝမ်းမြောက်ရွှင်လန်းလော့၊
နေရာရကြ ထက်ရပ်ကောင်းကင်ပေါ်၊
သိုးငယ်သွေးတော် ကုသိုလ်တော်မြတ်ဖြင့်၊
ကောင်းကင်နေရာ ရကြပြီအသင့်။

၄။ အစဉ်ရွှင်လန်းဝမ်းမြောက်ရွှင်လန်းကြ၊
ကိုယ်တော်ကြွလာသောခါ ငါတို့မှာ၊
ခန္ဓာရွေးနှုတ်ပြောင်းလဲခြင်းခံ၍၊
ချမ်းသာရမည် ဝမ်းမြောက်လျက်အောက်မေ့။

၅။ အစဉ်ရွှင်လန်း ဝမ်းမြောက်ရွှင်လန်းစို့၊
သခင်ခရစ်တော်သည် ငါတို့အဖို့၊
ကောင်းကင်အိမ်တော်နေရာပြင်ပြီးခါ၊
လျင်မြန်ဆင်းကြွ မူလိမ့်မည်မှတ်ပါ။