17
ဒုတိယမွေးဖွားခြင်းခံရမည်

KEY: D
၁။ အိုအပြစ်သား သင်ယခု ဘယ်မှာရှိနေ
သင်အသက် နေ့ရက်လတွေမကုန်သေးခင်
လောက၏ စည်းစိမ်၌ ပျော်မွေ့နေလျှင်
သေခြင်းနှင့် ပျက်စီးခြင်းသို့ရောက်လိမ့်မည်၊၊

      ဒုတိယ မွေးဖွားခြင်း ခံရမည် အချိန်ရှိစဉ်
      သင့်ကိုကယ် တင်ရှင်ယေရှုခေါ်မူသည်
      ရှိသည့်အတိုင်း အထံတော်သို့ ယခုချဉ်းကပ်
      သင်အပြစ် ရှိသမျှကိုလွှတ်လိမ့်မည်
      
၂။ အိုအပြစ်သား ယခုအချိန်ကောင်းရှိသေးစဉ်
အမြန်ဆုံး ချဉ်းကပ်ပါယေရှုခရစ်ကို
နောက်ကျမှ ဆိုသူတို့၏ငိုသံမှာ
နာဇရက် ယေရှုခရစ်လွန်သွားလေပြီ

၃။ ကယ်တင်ရာ နေ့ရက်ပျော်စရာခုချိန်မှာ
ကျေးဇူးတော် နေ့ရက်လကိုကျောမခိုင်းနဲ့
သင့်ကိုကယ် တင်ရန်ယခုစောင့်လျက်နေ
အိုအပြစ်သား ချဉ်းကပ်ပါယေရှုခရစ်ကို