166
ကိုယ်တော်၏ ချစ်ခြင်းမေတ္တာ

KEY:
(ယာ၊၄း၁၄-၁၆။ ၁ကော ၁း၃၁)
၁။ ကိုယ်တော်၏ချစ်ခြင်းမေတ္တာ၊
လွန်စွာနက်နဲကြီးမြတ်ပေ၊
စဉ်ဆက်ဖွင့်ဟ တသက်ပြောလည်းမကုန်ဆုံးနိုင်၊
ခွန်အားဆုတ်ယုတ်၊ သင့်ဝိညာဉ်
ကူးဖေးမစကြင်နာရှာ၊
မေတ္တာရှင် ယေရှုချီးမွမ်းကာ ဆက်လှမ်းပါ။

      ကျွန်ုပ်၏အသက်မစအသက်တာတိုးပွားစေသူ၊
      ကြီးမြတ်ခြင်းနှင့်ဂုဏ်တော်သည်
      သူ့အတွက်ဖြစ်သည်၊
      ကိုယ်တော်အတွက် ကျွန်ုပ်၏
      တတ်ကျွမ်းစွမ်းဆောင်နိုင်မူသည်
      စုံလင်ခြင်းမရှိနိုင်ပေ ထာဝရအထိ။

၂။ တိုတောင်းလှသောသင့်အသက်တာ၊
တိမ်တွေလွင့်ပျောက်သွားသည့်ပမာ
ထိုသို့မသိဘဲ သင့်သက်တာကုန်ဆုံးစေ၊
ကိုယ်တော်ပြောသံနားထောင်ပါ၊
သင့်အသက်တာမကုန်ခင်၊
ထာဝရပျက်စီးခြင်းရောက်မှာစိုးရသည်။

၃။ ကြီးမြတ်ခြင်းနှင့်လှပခြင်း၊
ဂုဏ်ဓနဖြင့် ကြွယ်ဝစွာ၊
ဂုဏ်ယူဝင့်ကြွား၊ ဝါကြွားမှုဖြင့် အသက်ရှင်စဉ်။
သင့်အသက်ဆုံးမည့်အရာ၊
သင့်အလှပေါ်မှာတည်နေ၊
သင်ဝါကြွားလျှင် ကိုယ်တော်၌သာ ဝါကြွားစေ။