163
ဖြောင့်မတ်ခြင်းရပြီ

KEY:

၁။ ဤလောကအပြစ်ပတ်လည်ဝိုင်းကာနေ၊
အပြစ်ထဲမှ ရွေးနှုတ်သူရှဖွာ။
မရှိပါ၊ ကောင်းကင်အောက်မြေပေါ်ရှိလူများ၌၊
သို့သော်သခင်ယေရှုရွေးနှုတ်မူပြီ။

      ချီးမွမ်းမည်သခင်ယေရှု
      ဖြောင့်မတ်စေသူရှိမူပြီ၊
      မကြောက်ပါ ဘုရားရှေ့၌အပြစ်တင်မည့်သူ
      မရှိပါ ကျွန်ုပ်ဖြောင့်မတ်ခြင်းရပြီ။

၂။ အပြစ်ကြောင့်ဖြေင့်မတ်ခြင်းမရှိသေမည်၊
သို့သော်ယေရှုကျွန်ုပ်ကိုယ်စားခံ၊
စာတန်ကျွန်ခံရခြင်းမှ ကျွန်ုပ်လွတ်မြောက်ပြီ၊
ချစ်တော်မူသောသားတော်နိုင်ငံရောက်ပြီ။

၃။ အိုသေခြင်းဘယ်မှာနည်းသင်၏အစွမ်း၊
အိုသင်္ချိုင်း သင်၏အဆိပ်ဘယ်မှာနည်း၊
ကျွန်ုပ်သခင်ယေရှုကြောင့်အောင်မြင်ခြင်းရပြီး၊
ကိုယ်တော်သည် ချီးမွမ်းခြင်းခံတော်မူစေ။

၄။ လောကသားမသိသောအသက်တာကို၊
သေခြင်းအောင်မြင်သောကြောင့်ရရှိပြီး၊
ကောင်းကင်ရွှေပြည်၌ ကျွန်ုပ်နာမည်ပါဝင်ပြီး၊
ထာဝရကျွန်ုပ်ကိုတော်တွက်ဖြစ်ပြီ။