စီရင်ဘို့ကြွဆင်းလိမ့်မည်/

စီရင်ဘို့ကြွဆင်းလိမ့်မည်

KEY: D

၁။ စီရင်ဘို့ကြွဆင်းလိမ့်မည် ပြင်ဆင်ပြီလော
ကောင်းကင်တမန်တံပိုးမှုတ်သံနှင့်ကြွေးကြော်
မြေနှင့်ကောင်း ကင်ကြောက် ၍တုန်လှုပ်လိမ့်မည်
မိတ်ဆွေသင် ၏အုတ်မြစ်ခိုင်သလော။

(ထပ်ဆို)
ငါလုံခြုံလျက် ဝမ်းမြောက် ငြိမ်သက်မှုရှိနေသည်
ခက်ခဲချိန်နှင့်ကြောက်မက်ဖွယ်ချိန်ရောက်သော်လည်း
လေပြင်းမိုး သက်မုန် တိုင်းတိုက်ခတ်သော်လည်း
ငါလုံခြုံ ရာယေရှုကျောက် ဖြစ်သည်။

၂။ အမျက်ထွက်သောကိုယ်တော်ရှေ့ မည်သူရပ်နိုင်
စီရင်ခြင်းခံရာရှေ့၌ မည်သူရပ်ရဲ
ထိုနေ့၌ သေခြင်း ကိုရှာဖွေသော်လည်း
သေခြင်းသည် သူတို့ကိုစွန့် ပြေးမည်။

၃။ ကြောက်မက်ဖွယ်စိုးရိမ်စရာ စီရင်ခြင်း၌
ကိုယ်ဖြောင့်မတ်ခြင်းအားကိုးသူများ ပယ်ခြင်းခံ
တောင်နှင့်ကျောက် များထံ ဖိဘို့အော်   ဟစ်၍
ဝမ်းနည်းလျက်  ကိုယ်တော်ယေရှု တွေ့မည်။