ကိုယ်တော်ကောင်းမြတ်/

ကိုယ်တော်ကောင်းမြတ်

KEY: C

၁။ ကိုယ်တော်သည်ကျွန်ုပ်၏သိုးထိန်းရှင်ဖြစ်သည်
သက်ရှင်စဉ်ခါဆင်းရဲခြင်းမခံစားရ
သာယာသောမြစ်ရေစီးရာသို့ပို့ဆောင်သည်
ကျွန်ုပ်သက်တာခွန်အားနှင့်အစဉ်ပြည့်စေ၏။ 

(CHORUS)
 ကျေးဇူးတော်နှင့်ကရုဏာတော်မြတ်သည်
 သက်ထက်ဆုံးသည့်တိုင်ကျွန်ုပ်ခံစားမည်
 ဘုန်းရောင်ခြည်နှင့်ပြည့်ရွှေအိမ်တော်ထဲမှာ
 ကိုယ်တော်နှင့်အစဉ်မြဲရှိမည်။ 

၂။ သေမင်းအရိပ်၌လျှောက်သွားခဲ့ရသော်လည်း
စောင့်ထိန်းကွယ်ကာတော်မူသောကြောင့်မကြောက်ပေ
တောင်ဝှေးတော်နှင့်လှံတံတော်သည်ကျွန်ုပ်အတွက်
ထာဝစဉ်ခိုလှုံရာအားကိုးရာဖြစ်သည်။ 

၃။ ရန်သူများဘေးရန်ရှေ့၌ကျွန်ပ်အတွက်
စားပွဲခင်းလျက်သက်သာချမ်းသာခွင့်ပေးသည်
ကျွန်ုပ်ဦးခေါင်းဆီနှင့်ဘိသိက်တော်မူလျက်
ကိုယ်တော်၏ကောင်းကြီးများကြွယ်ဝလျက်ရှိပေ။