ချီးမွမ်းခြင်းယဇ်/

ချီးမွမ်းခြင်းယဇ်

KEY: D

      ဘုန်းတန်ခိုးတော်ခံယူပြီ
      ဘုရားသားဖြစ်ရသောကြောင့်
      ချီးမွမ်းခြင်းယဇ်မှအပ
      အကြွေးဘာမျှမရှိပေ။ 

၁။ မစမည့်သူမရှိ၍
မျက်ရည်ပြည့်လျက်ညည်းတွားစဉ်
မျက်ရည်အကုန်သုတ်ပေးပြီး
ရင်ခွင်တော်၌ပွေ့ချီပြီ။ 

၂။ ကိုယ်ခန္ဓာဖျားနာနေစဉ်
ကြင်နာမည့်သူမရှိ၍
ထပါကျန်းမာပြီဆိုပြီး
မိန့်တော်မူစဉ်ကျန်းမာပြီ။ 
      
၃။ ကြောက်စိတ်လုံးဝမရှိပေ
မစသောသခင်ရှိပြီ
အပြစ်ကသွေးဆောင်သော်လည်း
ယေရှုရှင်နှင့်သက်ရှင်ပြီ။