လောကအပြစ်၌ပျောက်သူများ/

လောကအပြစ်၌ပျောက်သူများ

KEY: D

၁။ လောကအပြစ်၌ပျောက်သူများကယ်တင်ရန်
ဘုရားသည်တစ်ပါးတည်းသားတော်ပေးမူပြီ
ကယ်တင်ပြီးအပြစ်၌ပျောက် ကယ်တင်ခြင်းလမ်းမြင်နိုင်ရန်
ပေးလှူခြင်းဖြင့်ပါဝင်ရန်ကိုယ်တော်ဖိတ်ခေါ်။ 

      ပေးကြပါပေးလျှင် ပေးခြင်းခံရမည်
      ပေးခြင်း၌ ဘုရား ကိုသင်တို့မနိုင်
      ဘုရားသည်လူထံ ၌အကြွေးမတင်
      ကောင်းကြီးခံစား ရာအကြောင်းဖြစ်သည်။ 

၂။ ယုံကြည်သူတွက်အမိန့်တော်ငါတို့သိမြင်
သွားကြ၍သတင်းကောင်းပြောကြဟုမိန့်မှာ
မသွားနိုင်သူများကလည်း တာဝန်တစ်ရပ်ရှိပါသည်
ပေးလှူခြင်းဖြင့်ပါဝင်ရန်ကိုယ်တော်ဖိတ်ခေါ်။ 

၃။ ယုံကြည်သူများဘယ်မှာအမွေစုကြမည်
ပျောက်ဆုံးလူများရှာဖွေစုခြင်းဖြင့်ပြန်ရ
ယုံကြည်ခြင်းဖြင့်ပေးဖို့ရန် ကိုယ်တော်သည်စောင့်နေပါသည်
မည်မျှဖြင့်ယုံကြည်ရဲမည်ကိုယ်တော်မေးသည်။ 

၄။ ကိုယ်တော်ဖိတ်ခေါ်သံကိုကျွန်ုပ်ကြားရပြီ။ 
ခရစ်ယာန်တိုင်းကပျောက်ဆုံးလူများဖမ်းရမည်
ပေးအပ်ပြီရှိသမျှနှင့် ကိုယ်ခန္ဓာစိတ်ဝိညာဉ်နှင့်
ကိုယ်တော်တွက်ဖြစ်ပြီသွေးတော်ဖြင့်ဝယ်ယူပြီ။