အဖကျေးဇူး/

အဖကျေးဇူး

KEY: D

၁။ နံနက်အာရုဏ်လင်းချိန်၊ ဟိုကောင်းကင်ထက်မှာ
   ဝမ်းမြောက် ပျော်ရွှင်နေ့စဉ် ခံစားရ
   တောင်ပေါ် လျှိုမြောင်ဖြစ်ပါစေ
   တောင်အောက် မြေပြန့်ဖြစ်ပါစေ၊
   ကိုယ်တော်ဘုရားရဲ့ မေတ္တာပြောင်းလဲခြင်းမရှိပေ၊၊

၂။ ညချိန်သန်းခေါင်ယံဖြစ်ပါစေ၊ 
  အဖဘုရားရဲ့အရိပ်အောက်မှာ
  ငြိမ်သက် ပျော်ရွှင်ချမ်းသာ ခံစားရ
  အဆင်ပြေ နေသည််ဖြစ်ပါစေ၊ ခက်ခဲ နေသည်ဖြစ်ပါ‌စေ 
  ကိုယ်တော်ဘုရားရဲ့ မေတ္တာလုံ လောက်လျက်နေ။ 

      အိုအဖ ကိုယ်တော်အား အစဉ်ချီးမွမ်းမည်
      နာရီစက္ကန့်တိုင်းမှာချီးမွမ်း၍မကုန်ပါ
      ယနေ့ ရက်တိုင်အောင် ကြီးမားမေတ္တာဂရုဏာ
      အဖဘုရားရဲ့ကျေးဇူးတော် ကြီးမားလှ။