အကြီးမြတ်ဆုံးဘုရား /

အကြီးမြတ်ဆုံးဘုရား

KEY:


၁။ ဘုရားတကာထဲ၌ အကြီးမြတ်ဆုံးဘုရားသည်
သေခြင်းကို အောင်မြင်သူယေရှုဘုရားပေ၊
အံ့သြဘွယ် ငြိမ်သက်ခြင်းနှင့် 
တန်ခိုးကြီးခြင်းနှင့်ပြည်စုံ 
အရာအားလုံး၏ အလုံးစုံကိုယ်တော်။ 
 
      ဟာလေလုယာ ဟောရှဏ္ဏ
      ဟာလေလုယာ ဟောရှဏ္ဏ
      ကိုယ်တော်သည် ကောင်းဆုံးသောဘုရားပေ၊
      ဘုန်းတန်ခိုးနှင့်ပြည့်စုံသည် 
      ဟာလေလုယာချီးမွမ်းကြ 
      ကိုယ်တော်သည် အံ့သြဖွယ်။ 
 
၂။ ကျွန်ပ်တို့ထံ ဘုရားကိန်းဝပ်ရှိတော်မှုခြင်းသည်
အကောင်းဆုံးသောအရာဖြစ်သည်၊
အမွန်မြတ်ဆုံးသောအမွေသည် 
အလိုတော်ပြုခြင်းသာပေ 
အရာအားလုံး၏ အလုံးစုံကိုယ်တော် 
 
၃။ ဘွဲ့နာမတကာတို့ထက် ယေရှုဘွဲ့နာမကြီးမြတ်
ခပ်သိမ်းသောသတ္တဝါတို့သည် ရှေ့တော်၌
ဝမ်းမြောက်စွာ ဂါရဝပြုကာ 
ချီးမွမ်းဆိုမည် ယေရှုအား 
သခင်ဖြစ်သည်ဟု ကြွေးကြော်ဝန်ခံမည်။ 
  
၄။ ထိုချိန်ကောင်းကင်သားတို့
ချီးမွမ်းသြဘာပြုသံများသည်။ 
ကမ္ဘာမိုဃ်းမြေတုန်လှုပ်ကပဲ့တင်မည်။ 
သန့်ရှင်း၊သန့်ရှင်း၊ သန့်ရှင်းသည် 
ဟာလေလုယာသန့်ရှင်းသည်၊
ကိုယ်တော်သာလျှင် သန့်ရှင်းသည်ဟုဆိုမည်။