ကယ်တင်ရှင် သိုးထိန်းလို လမ်းပြကျူး/

ကယ်တင်ရှင် သိုးထိန်းလို လမ်းပြကျူး

KEY:

၁။ ကယ်တင်ရှင် သိုးထိန်းလို လမ်းပြ ကိုယ်တော်စောင့်မရန်လိုပါ။  
စိမ်းလန်းကျက်စားရာတွင် ကျွေးမွေး ပြင်ဆင်ပါခြံတော်ဖို့ပေ။
သန့်ရှင်းယေရှု ကိုယ်တော်မြတ်သည် ကျွန်ုပ်တို့ကို ဝယ်ယူပြီ။  
သန့်ရှင်းယေရှု ကိုယ်တော်မြတ်သည် ကျွန်ုပ်တို့ကို ပိုင်မူ၏

၂။ ကိုယ်တော်ပိုင်သောကြောင့် ကွယ်ကာပါ။  
လမ်းလျှောက်သွားစဉ် လမ်းပြပါ။  
သိုးစုတော်ကို ပြစ်မှကွယ်ကာ လမ်းမှားသော် လိုက်ရှာမူပါ။  
သန့်ရှင်းယေရှု ကိုယ်တော်မြတ်သည် ကျွန်ုပ်တို့ ဆုတောင်းသောခါ
သန့်ရှင်းယေရှု ကျွန်ုပ်တို့၏ ဆုတောင်းသံကို နားညောင်းပါ။ 

၃။ ဆင်းရဲ၍ ပြစ်နှင့်ပြည့်သော်လည်း လက်ခံမည် ကတိရှိပြီ။  
ကယ်တင်ရန် ကရုဏာတော်ရှိ ဆေးကြော ကယ်လွတ်ရန်စွမ်း၏
သန့်ရှင်းယေရှု ကိုယ်တော်မြတ်ထံ လျင်မြန်စွာ ပြောင်းလဲစေပါ။ 
သန့်ရှင်းယေရှု ကိုယ်တော်မြတ်ထံ လျင်မြန်စွာ ပြောင်းလဲစေပါ။ 

၄။ ငယ်စဉ်ခါ မျက်နှာတော်ကိုရှာ အလိုတော်လိုက်ရန် စောင့်မ
ကယ်တင်ပိုင်ရှင် ကိုယ်တော်ကိုသာ ချစ်လို့ငှာ ခွင့်ပေးသနား
သန့်ရှင်းယေရှု ကိုယ်တော်မြတ်သည် ချစ်တော်မူ ကျွန်ုပ်တို့အား
သန့်ရှင်းယေရှု ကိုယ်တော်မြတ်သည် ယခုတိုင်အောင် ချစ်မူပါ။