ကိုယ်တော်၏နေရပ်၌သာပျော်ရွှင်/
ကိုယ်တော်၏နေရပ်၌သာပျော်ရွှင်
KEY: D
၁။ ကိုယ်တော်ရှိသောနေရပ်၌၊ ကျွန်ုပ်စိတ်ဝိညာဉ်ပျော်ရွှင်၊
ငိုယိုညှိုးနွမ်းမှုများနှင့်အစဉ်ကင်းလေ၊
နံနက်ဖူးပွင့်ပန်းကဲ့သို့ ပွင့်လန်းစိုပြေပြုံးရွှင်နေ၊
ကိုယ်တော်၏ နေရပ်၌သာစဉ်ပျော်ရွှင်။
ကိုယ်တော်၏ နေရပ်၌သာစဉ်ပျော်ရွှင်၊
နေ့နှင့်ညနာရီချိန်တိုင်း၊ ကျွန်ုပ်ခိုလှုံရာဖြစ်သည်။
၂။ ကိုယ်တော်ရှိသောနေရပ်၌၊ လွတ်လပ်ဝမ်းမြောက်ခြင်းရှိပေ၊
ဂုဏ်ပြိုင်ခြင်း ရန်တွေ့ခြင်းအလျဉ်းမရှိ၊ နေ့ခင်းချိန်နှင့်ညချိန်မှာ၊
ကျွန်ုပ်စွဲလမ်းရာဖြစ်သည်၊ ကိုယ်တော်၏နေရပ်၌သာစဉ်ပျော်ရွှင်။
ကိုယ်တော်၏ နေရပ်၌သာစဉ်ပျော်ရွှင်၊
နေ့နှင့်ညနာရီချိန်တိုင်း၊ ကျွန်ုပ်ခိုလှုံရာဖြစ်သည်။
၃။ ကိုယ်တော်ရှိသောနေရပ်၌၊ မိတ်ဆွေကောင်းကိုယ်တော်ဖြစ်သည်၊
ကိုယ်တော်၌သာအစဉ်အမြဲခိုလှုံမည်၊ ပြုလေရာ၌အောင်မြင်ခြင်း၊
သွားလေရာ၌ပြုံးရွှင်ခြင်း၊ ကိုယ်တော်၏နေရပ်၌သာစဉ်ပျော်ရွှင်။
ကိုယ်တော်၏ နေရပ်၌သာစဉ်ပျော်ရွှင်၊
နေ့နှင့်ညနာရီချိန်တိုင်း၊ ကျွန်ုပ်ခိုလှုံရာဖြစ်သည်။
၄။ ကျွန်ုပ်ကယ်တင်သက်သခင်၊ ခိုလှုံရာကျောက်ဆောင်ဖြစ်သည်၊
နေ့ရက်တိုင်း ကွယ်ကာစောင့်မတော်မူမည်၊
မျှော်လင့်ချက်မဲ့လူသားတွက်၊ မိတ်ဆွေကောင်းကယ်တင်အရှင်၊
ကိုယ်တော်၏ နေရပ်၌သာစဉ်ပျော်ရွှင်။
ကိုယ်တော်၏ နေရပ်၌သာစဉ်ပျော်ရွှင်၊
နေ့နှင့်ညနာရီချိန်တိုင်း၊ ကျွန်ုပ်ခိုလှုံရာဖြစ်သည်။