ငှက်ကဲ့သို့ပျံဝဲသွားမည်/

ငှက်ကဲ့သို့ပျံဝဲသွားမည်

KEY: D
            ၁။ သခင်ယေရှုဤသို့မိန့်ဆို၊ ငါသည်လျင်မြန်စွာပြန်လာမည်၊
            သန့်ရှင်းသူများကိုသိမ်းဆည်းမည်၊ ယုံကြည်သူ၊သေသူ၊ထမြောက်မည်၊
            မျက်စိတမှိတ်တွင်ပြောင်းလဲမည်၊ ရွှေအိမ်ဆီသို့ငှက်ကဲ့သို့တက်သွားမည်။ 

                  ငှက်အလားကျွန်ုပ်ပျံဝဲသွားမည်၊ အရှေ့အနောက်တောင်မြောက်၌ရှိ၊
                  ယုံကြည်သူများဆုံဆည်းကြမည်၊ ရွှေအိမ်ဆီသို့ငှက်ကဲ့သို့တက်သွားမည်။ 

            ၂။ ယေရုရှလင်ရွှေမြို့သစ်၌၊ ကောင်းကင်တမန်များဆုံဆည်း၍၊
            ယုံကြည်သူများနှင့်တွေ့ဆုံမည်၊ ဟာလေလုယာ၊ ဟာလေလုယာ၊
            ဟာလေလုယာ၊ ဟာလေလုယာ၊ ရွှင်လန်းဝမ်းမြောက်လျက်၊ 
            ဘုရားရှင်ချီးမွမ်းမည်။ 

                  ငှက်အလားကျွန်ုပ်ပျံဝဲသွားမည်၊ အရှေ့အနောက်တောင်မြောက်၌ရှိ၊
                  ယုံကြည်သူများဆုံဆည်းကြမည်၊ ရွှေအိမ်ဆီသို့ငှက်ကဲ့သို့တက်သွားမည်။ 

            ၃။ ရွှေအိမ်ကိုကျွန်ုပ်တို့ရောက်လျှင်၊ ကိုယ်တော်ရှင်မျက်ရည်သုတ်ပေးမည်၊
            အိုခြင်းသေခြင်းမရှိလေပြီ၊ ဟာလေလုယာ၊ ဟာလေလုယာ၊
            ဟာလေလုယာ၊ ဟာလေလုယာ၊ ရွှင်လန်းဝမ်းမြောက်လျက်၊ 
            ဘုရားရှင်ချီးမွမ်းမည်။ 

                  ငှက်အလားကျွန်ုပ်ပျံဝဲသွားမည်၊ အရှေ့အနောက်တောင်မြောက်၌ရှိ၊
                  ယုံကြည်သူများဆုံဆည်းကြမည်၊ ရွှေအိမ်ဆီသို့ငှက်ကဲ့သို့တက်သွားမည်။