ဤကမ္ဘာလောကမိုးကောင်းကင်/
ဤကမ္ဘာလောကမိုးကောင်းကင်
KEY: D
၁။ ဤကမ္ဘာလောကမိုးကောင်းကင်၊ နက္ခတ်တာရာဖန်ဆင်းရှင်၊
ဇီဝအသက်မှုတ်သွင်းတော်မူရှင်ဘုရား၊
ဝသန်မိုးမှာရိတ်သိမ်းရန်နေပူမိုးရွာခြင်းခွင့်ပေး၊
ကိုယ်တော်၏ကြီးမြတ်အစဉ်ချီးမွမ်းမည်။
အိုအဖကျွန်ပ်ဝမ်းမြောက်၊ ဝမ်းမြောက်လျက်နေ့စဉ်သက်တာ၊
ချီးမွမ်းမည်နာမတော်သက်ရှင်စဉ်ခါ၊ (ဟာလေလုယ)
ပတ်သာစောင်းများကိုတီးကာ၊ ကခုန်ရွှင်မြူးလျက်ချီးမွမ်း၊
ဟာလေလုယနာမတော်ဘုန်းကြီးစေ။
၂။ သာယာဝမ်းမြောက်ဖွယ်သောချိန်၊ ပျော်ရွှင်ချမ်းမြေ့ခြင်းခွင့်ပေး၊
ကိုယ်တော်ကိုထောမနာသီဆိုနေမည်၊ ကျေးဇူးချီးမွမ်းခြင်းယဇ်နှင့်၊
ကိုယ်တော်ရှင်ကိုချီးမြှောက်မည်၊ ခွန်အားရှိသမျှကိုယ်တော်ချီးမွမ်းမည်။
အိုအဖကျွန်ပ်ဝမ်းမြောက်၊ ဝမ်းမြောက်လျက်နေ့စဉ်သက်တာ၊
ချီးမွမ်းမည်နာမတော်သက်ရှင်စဉ်ခါ၊ (ဟာလေလုယ)
ပတ်သာစောင်းများကိုတီးကာ၊ ကခုန်ရွှင်မြူးလျက်ချီးမွမ်း၊
ဟာလေလုယနာမတော်ဘုန်းကြီးစေ။
၃။ ကြိမ်ဖန်စားဖို့မရှိပေ၊ကြိမ်ဖန်ဝတ်ဖို့မရှိလျှင်၊
ကိုယ်တော်၏ကောင်းမြတ်ခြင်းကိုစဉ်အောက်မေ့၊
ကောင်းကင်၌ကျင်လည်ငှက်ငယ်၊ ချိန်တန်ပွင့်တဲ့တောနှင်းပင်၊
ကျွန်ုပ်တွက်နေ့စဉ်ခွန်အားဖြစ်စေသည်။
အိုအဖကျွန်ပ်ဝမ်းမြောက်၊ ဝမ်းမြောက်လျက်နေ့စဉ်သက်တာ၊
ချီးမွမ်းမည်နာမတော်သက်ရှင်စဉ်ခါ၊ (ဟာလေလုယ)
ပတ်သာစောင်းများကိုတီးကာ၊ ကခုန်ရွှင်မြူးလျက်ချီးမွမ်း၊
ဟာလေလုယနာမတော်ဘုန်းကြီးစေ။