ချီးမွမ်းခြင်းယဇ်/
ချီးမွမ်းခြင်းယဇ်
KEY: D
ဘုန်းတန်ခိုးတော်ခံယူပြီ၊ ဘုရားသားဖြစ်ရသောကြောင့်
ချီးမွမ်းခြင်းယဇ်မှအပ၊ အကြွေးဘာမျှမရှိပေ။
၁။ မစမည့်သူမရှိ၍ မျက်ရည်ပြည့်လျက်ညည်းတွားစဉ်
မျက်ရည်အကုန်သုတ်ပေးပြီး၊ ရင်ခွင်တော်၌ပွေ့ချီပြီ။
ဘုန်းတန်ခိုးတော်ခံယူပြီ၊ ဘုရားသားဖြစ်ရသောကြောင့်
ချီးမွမ်းခြင်းယဇ်မှအပ၊ အကြွေးဘာမျှမရှိပေ။
၂။ ကိုယ်ခန္ဓာဖျားနာနေစဉ်၊ ကြင်နာမည့်သူမရှိ၍၊
ထပါကျန်းမာပြီဆိုပြီး၊ မိန့်တော်မူစဉ်ကျန်းမာပြီ။
ဘုန်းတန်ခိုးတော်ခံယူပြီ၊ ဘုရားသားဖြစ်ရသောကြောင့်
ချီးမွမ်းခြင်းယဇ်မှအပ၊ အကြွေးဘာမျှမရှိပေ။
၃။ ကြောက်စိတ်လုံးဝမရှိပေ၊ မစသောသခင်ရှိပြီ
အပြစ်ကသွေးဆောင်သော်လည်း၊ ယေရှုရှင်နှင့်သက်ရှင်ပြီ။