တရားတော်၌မွေ့လျော်၏/
တရားတော်၌မွေ့လျော်၏
KEY: C
၁။ တရားတော်၌မွေ့လျော်၏၊
တရားတော်၌မွေ့လျော်၏၊
ကိုယ်တော်၏တရားတော်၌မွေ့လျော်၏၊
မျက်စိပွင့်လင်းစေ၊စိတ်ကိုချမ်းသာစေ၊
တရားတော်၌ကျွန်ုပ်ကိုပို့ဆောင်ပါ။
နှုတ်ကပတ်တော်သည်မီးခွက်ဖြစ်၏၊
(ဟာလေလုယ)
လမ်းခရီးကိုအလင်းပေးတော်မူ၏၊
အံ့ဩဖွယ်အရာများတွေ့မြင်စေလိုငှာ၊
တရားတော်၌ကျွန်ုပ်ကိုပို့ဆောင်ပါ။
၂။ လူတို့အသက်ရှင်ခြင်းသည်၊
မုန့်အားဖြင့်သာမဟုတ်ပေ၊
နှုတ်ကပတ်အားဖြင့်အသက်ရှင်ပါ၏၊
ဤသို့သိလိုငှာမန္နကိုပေး၏၊
ကန္တာရခရီးတွင်ကိုယ်တော်သွန်သင်ခဲ့ပြီ။
နှုတ်ကပတ်တော်သည်မီးခွက်ဖြစ်၏၊
(ဟာလေလုယ)
လမ်းခရီးကိုအလင်းပေးတော်မူ၏၊
အံ့ဩဖွယ်အရာများတွေ့မြင်စေလိုငှာ၊
တရားတော်၌ကျွန်ုပ်ကိုပို့ဆောင်ပါ။
၃။ ကိုယ်တော်ကိုကိုးစားသောသူ၊
ကိုယ်တော်ကိုကိုးစားသောသူ၊
ညအိပ်ချိန်ခါတွင်စောင့်ရှောက်တော်မူ၏၊
တရေးနိုးသောခါနှုတ်ဆက်တော်မူမည်၊
သင်၏အသက်တာသွန်သင်လမ်းပြမူမည်။
နှုတ်ကပတ်တော်သည်မီးခွက်ဖြစ်၏
(ဟာလေလုယ)
လမ်းခရီးကိုအလင်းပေးတော်မူ၏
အံ့ဩဖွယ်အရာများတွေ့မြင်စေလိုငှာ
တရားတော်၌ကျွန်ုပ်ကိုပို့ဆောင်ပါ။