တလုံးတဝတည်း/

တလုံးတဝတည်း

KEY: A
      ၁။      စိတ်နှိမ့်ချ၊ နူးညံ့သိမ်မွေ့၊ စိတ်ရှည်ခြင်း၊ ပြည့်စုံသဖြင့်၊ 
            မေတ္တာစိတ်၊ နှင့်သည်းခံခြင်း၊ အသင့်တင့်၊ ပေါင်းဘော်ခြင်း၊ 
            အဖွဲ့စည်း၊ အားဖြင့်၊ စိတ်သဘော၊ မခြားမနား၊ တလုံးတဝ၊ 
            တည်းဖြစ်အံ့ငှါ၊ ကြိုးစားအား၊ ထုတ်ကြလော့။ 
            သင်တို့ကို၊ ခေါ်တော်မူခြင်း၊ စပ်ဆိုင်သော၊ မြော်လင့်ခြင်း၊ 
            တပါးထဲ၊ သို့ခေါ်သွင်းသည်၊ ကိုယ်တကိုယ်၊ တဝိညာဉ်တည်း။


      ၂။      သခင်တပါး၊ ယုံကြည်ခြင်းတပါး၊ ဗတ္တိဇံတပါး၊ 
            ခပ်သိမ်းသောငါ၊ တို့၏အဘ၊ ဖြစ်သောဘုရား၊ တဆူတည်း၊
            ရှိတော်မူ၏။ ဘုရားသခင်သည်၊ ခပ်သိမ်းသော၊ 
            ငါတို့အပေါ်၊ မှာရှိမူ၏။ ခပ်သိမ်းသော၊ ငါတို့ကို၊ နှံ့ပြားစေ၊ 
            တော်မူ၏။ ခပ်သိမ်းသော၊ ငါတို့၏အထဲ၌၊ ရှိမူ၏။ 
            သို့သော်လည်း၊ ခရစ်တော်သည်၊ ဆုပေးသည်အတိုင်း၊ 
            ကျေးဇူးတော်၊ ကိုယ်စီခံကြပြီ။


      ၃။ ခရစ်တော်၏၊  ကိုယ်တော်ကို၊  တည်ဆောက်၍၊  ဓမ္မဆရာ၊ 
            အမှုကို၊  ပြုတတ်မည်၊  အကြောင်းသန့်၊  ရှင်းသူတို့ကို၊  
            ပြင်ဆင်ခြင်း၊ အလိုငှါ၊  ထိုသခင်၊  သည်လူအချို့၊  တို့ကိုတ၊ 
            မန်တော်အရာ၊       ခန့်ထားတော်၊  မူ၏။  အချို့ကို၊  
            ပရောဖက်အရာ၊  သာသနာ၊  ပြုအရာ၊ အချို့ကို၊ 
            သင်းအုပ်အရာ၊ ဆရာအရာ၊  ၌ခန့်ထားမူ၏။