ထာဝရမေတ္တာတော်/
ထာဝရမေတ္တာတော်
KEY: C
၁။ ထာဝရ မေတ္တာတော်နှင့်၊ ကရုဏာ တော်စဉ်တည်မြဲ၊
ကျေးဇူးတော်နှင့် ကရုဏာတော်၊ နေ့ရက်တိုင်း အစဉ်ခံစားရ။
မေတ္တာတော်နှင့် ကရုဏာတော်သည်၊ လူသားများအားထွန်းလင်းစေသည်၊
ပြုတော်မူသောမဟာမှုကြောင့်၊ ကိုယ်တော်ကိုအစဉ်ချီးမွမ်းမည်၊
မြေမှုန့်ထဲမှချီးမြှောက်တော်မူ၍၊ ဆင်းရဲခြင်းမှကယ်နှုတ်မူသည်၊
ချီးမြှောက်ခြင်းနှင့်နာမတော်ကား၊ ကျွန်ုပ်ကိုပြောင်းလဲစေသည်။
၂။ ကောင်းမြတ်လှအရှင်၊ ကောင်းမြတ်လှအရှင်၊
မေတ္တာတော်အစဉ်တည်မြဲ၏၊ ထိုက်တန်လှအရှင်၊
ထိုက်တန်လှအရှင်၊ ချီးမွမ်းရန်အလွန်ထိုက်တန်လှ။
မေတ္တာတော်နှင့်ကရုဏာတော်သည်၊ လူသားများအားထွန်းလင်းစေသည်၊
ပြုတော်မူသောမဟာမှုကြောင့်၊ ကိုယ်တော်ကိုအစဉ်ချီးမွမ်းမည်၊
မြေမှုန့်ထဲမှချီးမြှောက်တော်မူ၍၊ ဆင်းရဲခြင်းမှကယ်နှုတ်မူသည်၊
ချီးမြှောက်ခြင်းနှင့်နာမတော်ကား၊ ကျွန်ုပ်ကိုပြောင်းလဲစေသည်။
၃။ ကြီးမြတ်မူပေ ဖြောင့်မတ်မူပေ၊ ကိုယ်တော်ကဲ့ သောသူမရှိ၊
ပြုတော်မူသော မဟာမှုကြောင့်၊ ကိုယ်တော်ကို အစဉ်ချီးမွမ်းမည်။