ကိုယ်တော့်အလွန်ကြီးမြတ်လှ/
ကိုယ်တော့်အလွန်ကြီးမြတ်လှ
KEY: C
၁။ မိုးကောင်းကင်သို့ကြည့်သော်၊ ဘုန်းအာနုဘော်နှင့်ပြည့်၊
တောင်ရိုးသို့ငါမျှော်ကြည့်၊ ကိုယ်တော်ဖန်ဆင်းလျက်ထား၊
သို့သော်လည်းနက်နဲအရာများ၊ ရေတွက်လို့မကုန်နိုင်၊
ဤအရာများစဉ်းစားသော်၊ ကိုယ်တော်အလွန်ကြီးမြတ်လှ။
သို့ဖြစ်၍ ကိုယ်တော်ကိုချီးမွမ်းမည်၊ ကိုယ်တော်သာ ဘုရား ကယ်တင်ရှင်၊
ဘုန်းတန်ခိုးတော်နှင့်ပြည့်စုံ၊ အာလဖနှင့်ဩမေဃ၊
ဘုန်းကြီးလက်တော်များ၊ ဤအရာ များစဉ်းစားသော်၊
ကိုယ်တော်အလွန်ကြီးမြတ်လှ။
၂။ ဤကမ္ဘာလောကကြီး၊ လွတ်လပ်လဟာချိတ်ထား၊
နေ့ချိန်နေညဉ့်လကြယ်၊ များထွန်းလင်းစေသည်၊
သူတို့သည်အချိန်ကျတိုင်း၊ လှည့်ပတ်ရွေ့သွားလျက်ရှိ၊
ဤအရာများစဉ်စားသော်၊ ကိုယ်တော်အလွန်ကြီးမြတ်လှ။
သို့ဖြစ်၍ ကိုယ်တော်ကိုချီးမွမ်းမည်၊ ကိုယ်တော်သာ ဘုရား ကယ်တင်ရှင်၊
ဘုန်းတန်ခိုးတော်နှင့်ပြည့်စုံ၊ အာလဖနှင့်ဩမေဃ၊
ဘုန်းကြီးလက်တော်များ၊ ဤအရာ များစဉ်းစားသော်၊
ကိုယ်တော်အလွန်ကြီးမြတ်လှ။
၃။ ကောင်းကင်ပေါ်သို့တက်သော်၊ ကိုယ်တော်ရှိတော်မူ၏၊
ပင်လယ်ရေအောက်၌လည်း၊ ကိုယ်တော်ကိန်းဝပ်မူ၏၊
သက်ရှိသက်မဲ့ဖန်ဆင်းအရာ၊ တိုး၍နားလည်ခွင့်ပေး၊