တရားစီရင်သောနေ့/
တရားစီရင်သောနေ့
KEY: D
၁။ ကိုယ်တော်အမျက်တော်နေ့၊ ကြောက်မက်ဖွယ်ရောက်လို့ပြီ၊
လူသားများရှေ့မှောက်တွင်၊ ရောက်လုပြီထိုနေ့ရက်၊
လူများလုပ်ဆောင်သည်အတိုင်း၊ တရားစီရင်ဘို့ရန်၊ ယခုအချိန်နီးပြီ။
အမျက် တော်နေ့၊ တရားစီရင်ခြင်းသည်၊ ယုံကြည်သူများအတွက်၊
ပျော်ရွှင်ရာနေ့ရက်ပေ၊ ညမှောင်မိုက်ကွယ်ပျောက်မည်၊
ထာဝရအသက်ရှင်၍၊ ထာဝရခံစားမည်။
၂။ ကိုယ်တော်အမျက်တော်နေ့၊ ကြောက်မက်ဖွယ်ရောက်လို့ပြီ၊
ကောင်းကင်မြေကြီးတုန်လှုပ်၊ ဆီးတားနိုင်သူမရှိ၊ ရှေ့တော်၌စုံလင်စွာ၊
ဒူးထောက်ကာဦးညွတ်လျက်၊ ကိုယ်တော်စီရင်မူမည်။
အမျက် တော်နေ့၊ တရားစီရင်ခြင်းသည်၊ ယုံကြည်သူများအတွက်၊
ပျော်ရွှင်ရာနေ့ရက်ပေ၊ ညမှောင်မိုက်ကွယ်ပျောက်မည်၊
ထာဝရအသက်ရှင်၍၊ ထာဝရခံစားမည်။
၃။ ကိုယ်တော်အမျက်တော်နေ့၊ ကြောက်မက်ဖွယ်ရောက်လုပြီ၊
ဖဲရိုက်နေသူများနှင့်၊ အရက်သောက်သူရောင်းသူ၊
ကာမဂုဏ်၌ပျော်သူ၊ ကိုယ်တော်မယုံသူများ၊ ငရဲသို့ရောက်လိမ့်မည်။
အမျက် တော်နေ့၊ တရားစီရင်ခြင်းသည်၊ ယုံကြည်သူများအတွက်၊
ပျော်ရွှင်ရာနေ့ရက်ပေ၊ ညမှောင်မိုက်ကွယ်ပျောက်မည်၊
ထာဝရအသက်ရှင်၍၊ ထာဝရခံစားမည်။