ယေရှုသည်တမန်တို့အား/
ယေရှုသည်တမန်တို့အား
KEY: C
၁။ ယေရှုသည်တမန်တို့အား၊ အပြစ်ချည်နှောင်ခြင်းဖြေရန်
နေရာတိုင်း၌စေလွှတ်ခဲ့စဉ်၊ ယေရှုသည်တမန်တို့အား
တန်ခိုးနှင့်ပြည့်ဝစေ၍၊ သခင်တွက်မှုတော်ဆောင်ကြ၍
မွန်မြတ်သောသခင်ပေ။
မကျန်းမာကျန်းမာစေ၊ နူသူများသန့်ရှင်းစေ၍
နတ်ဆိုးဝိညာဉ်ဆိုးများနှင်၍၊ မွန်မြတ်သောသခင်ပေ။
၂။ တန်ခိုးနှင့်ပြည့်ဝစေ၍၊ တမန်တော်များမှုဆောင်ရွက်
ဘယ်အရာမျှမတားဆီးနိုင်၊ သခင်ယေရှုအသက်သည်
တတ်စွမ်းနိုင်တန်ခိုးဖြစ်သည်၊ နတ်ဆိုးများကြောက်သောအသက်တာ
ပိုင်သူငါတို့ဖြစ်သည်။
မကျန်းမာကျန်းမာစေ၊ နူသူများသန့်ရှင်းစေ၍
နတ်ဆိုးဝိညာဉ်ဆိုးများနှင်၍၊ မွန်မြတ်သောသခင်ပေ။
၃။ အိုအသင်ယုံကြည်သူတို့၊ ကိုယ်တော်ဘုန်းကြီးတော်မူရန်
သင်၌လည်းရှိကြောင်းကိုသိ၍၊ တတ်စွမ်းနိုင်သောယေရှုခရစ်
ကိုယ်တော်နာမတော်ခေါ်၍၊ စာတန်ချည်နှောင်ခြင်းဖြေလွှတ်ပါ
ယေရှုကိုအသုံးပြုပါ။
မကျန်းမာကျန်းမာစေ၊ နူသူများသန့်ရှင်းစေ၍
နတ်ဆိုးဝိညာဉ်ဆိုးများနှင်၍၊ မွန်မြတ်သောသခင်ပေ။