ဧဒင်အပြစ်၌လဲခြင်း/
ဧဒင်အပြစ်၌လဲခြင်း
KEY: E
၁။ ဧဒင်အပြစ်၌လဲခြင်းကြောင့်၊ ဘုရား၏ရန်သူဖြစ်ကြပြီ
အပြစ်ကြောင့်တခြားစီနေရပြီ၊ ဘုရားသခင်၏ရှေ့တော်၌
အားလုံးပျက်စီးကျန်းမာမရှိ၊ အပြစ်နှင့်ပြည့်ကယ်တင်ခြင်း လိုနေပြီ။
ကရာနီကျန်းမာ အိုကရာနီကျန်းမာခြင်း အိုလူတိုင်းအတွက်
လိုချင်သူတိုင်းတွက်ဖြစ်သည်၊ ကောင်းကင်မြေကြီးယဇ်ပုရောဟိတ်
ခရစ်တော်၏စောင့်ရှောက်ခြင်း၌၊ ရောဂါအားလုံးကျန်းမာရန်ချဉ်းကပ်ပါ။
၂။ မျက်စိကန်းခြေမစွမ်းအနူ၊ နတ်ဆိုးစွဲမကျန်းမာသူတိုင်း
လောကီတတ် စွမ်းမှုဖြင့်မမှီနိုင်ရာ၊ ပညာနှင့်သင်ကြားသောအရာ
သုံး၍အံ့ဩလက်မြှောက်သော်လည်း၊ ခရစ်တော်၌ မပျောက်စေနိုင် အရာမရှိ။
ကရာနီကျန်းမာ အိုကရာနီကျန်းမာခြင်း အိုလူတိုင်းအတွက်
လိုချင်သူတိုင်းတွက်ဖြစ်သည်၊ ကောင်းကင်မြေကြီးယဇ်ပုရောဟိတ်
ခရစ်တော်၏စောင့်ရှောက်ခြင်း၌၊ ရောဂါအားလုံးကျန်းမာရန်ချဉ်းကပ်ပါ။
၃။ ဆင်းရဲသူချမ်းသာသောသူများ၊ လူမျိုးပေါင်းနှင့်လိုချင်သူတိုင်း
ကိုယ်စားခံယေရှုခရစ်ယုံကြည်သူများ၊ အခမဲ့ကျန်းမာခြင်းရသည်
အခမဲ့ရရှိသူဖြစ်သည်၊ ကိုယ်ခန္ဓာ စိတ်ဝိညာဉ် ကျန်းမာစေ။
ကရာနီကျန်းမာ အိုကရာနီကျန်းမာခြင်း အိုလူတိုင်းအတွက်
လိုချင်သူတိုင်းတွက်ဖြစ်သည်၊ ကောင်းကင်မြေကြီးယဇ်ပုရောဟိတ်
ခရစ်တော်၏စောင့်ရှောက်ခြင်း၌၊ ရောဂါအားလုံးကျန်းမာရန်ချဉ်းကပ်ပါ။
၄။ စာတန်၏နှိပ်စက်ခံခြင်းနှင့်၊ နတ်ဆိုးဝိညာဉ်ကျွန်ခံခြင်းမှ
ခရစ်တော်သည် အောင်မြင်ပြီ သင်ကျန်းမာပြီ
လက်ဝါးကပ်တိုင်တန်ခိုးသုံး၍၊ သင်၏ရန်သူစာတန်ထံသို့
အောင်မြင်ခြင်း သက်သေခံ ကြွေးကြော်ပါ။