ဝိညာဉ်တော်၏မစခြင်းကျေးဇူး/
ဝိညာဉ်တော်၏မစခြင်းကျေးဇူး
KEY: G
၁။ ဝိညာဉ်တော် ၏ မစခြင်းကျေးဇူး ကျွန်ုပ်စိတ် နှလုံးကိုတို့ထိ၏
ထိုအလင်းကြောင့် အပြစ်များသိရ ကျန်းမာခြင်း အလျဉ်းမရှိပါ။
ကျန်းမာခြင်း အလျဉ်းမရှိပါ ရိုက်ပုတ်ခြင်းနှင့် ရိရွဲသောအနာ
အပြစ်နှင့် ပြည့် လျှံအကျွန်ုပ်သည် ထို့ကြောင့် ယေရှု ခရစ်တော်သည်သေခံ။
၂။ ခြေဖဝါးမှ သည်ဦးခေါင်းတိုင်အောင် နှလုံးလည်း ခွန် အားအလျဉ်းမရှိ
ကျွန်ုပ်ဝိညာဉ် ခွန်အားအလျဉ်းမရှိ ကျန်းမာခြင်း အလျဉ်းမရှိပါ။
ကျန်းမာခြင်း အလျဉ်းမရှိပါ ရိုက်ပုတ်ခြင်းနှင့် ရိရွဲသောအနာ
အပြစ်နှင့် ပြည့် လျှံအကျွန်ုပ်သည် ထို့ကြောင့် ယေရှု ခရစ်တော်သည်သေခံ။
၃။ ခန္ဓာကိုယ် နှင့် စိတ်နှင့်ဝိညာဉ်သည် အပြစ်တရား အောက်၌နစ်မွန်းနေ
ဝမ်းနည်းစွာဖြင့် ငိုကြွေးလျက်ဟစ်အော် ကယ်တင်မည့် အရှင်ရှိသလား။
ကျန်းမာခြင်း အလျဉ်းမရှိပါ ရိုက်ပုတ်ခြင်းနှင့် ရိရွဲသောအနာ
အပြစ်နှင့် ပြည့် လျှံအကျွန်ုပ်သည် ထို့ကြောင့် ယေရှု ခရစ်တော်သည်သေခံ။
၄။ အံ့ဩဖွယ် ကိုယ်တော်အလင်းတော်သည် အရာခပ်သိမ်း ဖုံးအုပ်ထားလေပြီ
ရှုပ်ထွေးခြင်းနှင့် အပြစ်နှင့်ရောဂါ ကျွန်ုပ်ကိုယ်စား ယူတင်လျက်သေခံ။