ကျွန်ုပ်ထမြောက်ပြီ/
ကျွန်ုပ်ထမြောက်ပြီ
KEY: D
၁။ သေခြင်းသင်္ချိုင်းတွင်းထဲ၌ အပြစ်၏ကျွန်ခံရသူ
ထာဝရအသက်ရရန် ယေရှုခရစ်အသက်သွင်းပေး။
ထပ်ဆို
ထမြောက်ခြင်းရပြီ ယေရှုခရစ်နှင့်အတူထမြောက်ပြီ
သန့်ရှင်းသူများနှင့်အတူ ဘုရားရှင်၏အိမ်သားဖြစ်
ချစ်တော်မူသောသားတော်နိုင်ငံသို့ပို့ဆောင်။
၂။ ကျွန်ုပ်ရှင်ပြန်ထမြောက်ခြင်း ဝိညာဉ်ကိုယ်ခန္ဓာ၌သာ
ထင်ရှား၍ဇာတိခန္ဓာ ထူးခြားမှုမရှိခဲ့ပါ။
ထပ်ဆို
ထမြောက်ခြင်းရပြီ ယေရှုခရစ်နှင့်အတူထမြောက်ပြီ
သန့်ရှင်းသူများနှင့်အတူ ဘုရားရှင်၏အိမ်သားဖြစ်
ချစ်တော်မူသောသားတော်နိုင်ငံသို့ပို့ဆောင်။
၃။ ထိုနိုင်ငံငါတို့နေရာ ခရစ်တော်၏နိုင်ငံဖြစ်သည်
ဇာတိပြသနာများက နှောင့်ယှက်ခြင်းမရှိနိုင်ပါ။