ဘုရားမေတ္တာ/

ဘုရားမေတ္တာ

KEY: C
      ၁။ ဘုရားမေတ္တာသည် မွန်မြတ်၍ကြီးမား
      လောကမှောင်မိုက်ထဲ အလင်းထိုးဖေါက်၏
      တပါးတည်းသားတော် ငါတို့တွက်ပေးပြီ
      ကျွန်ုပ်တွက်အသက် ကယ်တင်ခြင်းဖြစ်သည်။ 

            အိုကရာနီကုန်း ကားတိုင်အောင်မြင်ခြင်း
            ဘုရား၏အစွမ်း ကျွန်ုပ်တွက်ဖြစ်သည်
            ကားတိုင်တွင်ကျွန်ုပ် ရိုက်သတ်၍သေပြီ
            ယခုကျွန်ုပ်အသက် ယုံကြည်ခြင်းဖြင့်ရှင်။ 
      
      ၂။ ကိုယ်တော်၏ကျေးဇူး တော်ပဋိညာဉ်ကို
      အာဗြဟံထံတွင် ကတိပေးမူပြီ
      ငါတို့သခင်ယေ ရှုထံတွင်ရောက်လာ
      မင်္ဂလာအပေါင်း ကျွန်ုပ်တွက်ဖြစ်သည်။ 

            အိုကရာနီကုန်း ကားတိုင်အောင်မြင်ခြင်း
            ဘုရား၏အစွမ်း ကျွန်ုပ်တွက်ဖြစ်သည်
            ကားတိုင်တွင်ကျွန်ုပ် ရိုက်သတ်၍သေပြီ
            ယခုကျွန်ုပ်အသက် ယုံကြည်ခြင်းဖြင့်ရှင်။ 

      ၃။ ဝိညာဉ်သန့်ရှင်းခြင်း လင်းနှင့်မွန်မြတ်ဆုံး
      သမ္မာတရားအလင်း လမ်းပြသောအရှင်
      အောင်မြင်သောသခင် အောင်မြင်သောယေရှု
      ချီးမွမ်းခြင်းအပေါင်း ကိုယ်တော်အတွက်ဖြစ်သည်။ 

            အိုကရာနီကုန်း ကားတိုင်အောင်မြင်ခြင်း
            ဘုရား၏အစွမ်း ကျွန်ုပ်တွက်ဖြစ်သည်
            ကားတိုင်တွင်ကျွန်ုပ် ရိုက်သတ်၍သေပြီ
            ယခုကျွန်ုပ်အသက် ယုံကြည်ခြင်းဖြင့်ရှင်။ 

      ၄။ ယုံခြင်းဖြင့်ကတိ တော်နိုင်ငံဝင်ပြီ
      ယောဒန်မြစ်တဖက် နိုင်ငံသို့ရောက်ပြီ
      ကောင်းကြီးမရေတွက် နိုင်အောင်ခံစားပြီ
      ကိုယ်တော်ဘုန်းထင်ရှား ဘို့သာဖြစ်ပါစေ။ 

            အိုကရာနီကုန်း ကားတိုင်အောင်မြင်ခြင်း
            ဘုရား၏အစွမ်း ကျွန်ုပ်တွက်ဖြစ်သည်
            ကားတိုင်တွင်ကျွန်ုပ် ရိုက်သတ်၍သေပြီ
            ယခုကျွန်ုပ်အသက် ယုံကြည်ခြင်းဖြင့်ရှင်။