လူသည်မုန့်အားဖြင့်သာ အသက်မရှင်/ should not live by bread alone
လူသည်မုန့်အားဖြင့်သာ အသက်မရှင်
should not live by bread alone
KEY: E
၁။ လူသည်မုန့် အားဖြင့် သာအသက် မရှင်
ဘုရားမိန့် တော်မူ သမျှဖြင့် ရှင်မည်
အစာသည် ဘုရား အမိန့်တော် ဖြင့်ပေါ်
အစာထက် အမိန့် တော်၌မှီခို။
ထပ်ဆို
အိုယုံကြည် သူတို့ လောကသား နည်းတူ
ပူပန် စိုးရိမ် တုန်လှုပ်လျက်နေ
ဘုရား၏ ကတိ တော်ပေါ်၌ ရပ်တည်
လောက၌ အောင်မြင် စွာအသက်ရှင်ပါ။
၂။ ဣသရေလ လူများ အဲဂု တ္တုမှ
ဘုရားသည် အစာ မရှိသော တောတွင်
သူတို့မ သိဘူး သောမန္န မုန့်ဖြင့်
နှစ်လေးဆယ် ကျွေးမွေး ကာပို့ဆောင်ခဲ့။
ထပ်ဆို
အိုယုံကြည် သူတို့ လောကသား နည်းတူ
ပူပန် စိုးရိမ် တုန်လှုပ်လျက်နေ
ဘုရား၏ ကတိ တော်ပေါ်၌ ရပ်တည်
လောက၌ အောင်မြင် စွာအသက်ရှင်ပါ။
၃။ ခါနန်ပြည် ၌အစာ ခေါင်းပါး သောအခါ
ဘုရားသည် ဧလိယ ကိုကျီး အနှင့်
မုတ်ဆိုးမ အားဖြင့် ဝလင်စွာ ကျွေးမွေး
ဘုရားမ တတ်နိုင် သောအရာမရှိ။
ထပ်ဆို
အိုယုံကြည် သူတို့ လောကသား နည်းတူ
ပူပန် စိုးရိမ် တုန်လှုပ်လျက်နေ
ဘုရား၏ ကတိ တော်ပေါ်၌ ရပ်တည်
လောက၌ အောင်မြင် စွာအသက်ရှင်ပါ။
ဤသီချင်းကို ၁၉၈၈ ခုနှစ်မြန်မာပြည်၌
တပြည်လုံးအစိုးရကို ဆန္ဒပြခြင်းကြောင့်
ဆန်အလွန်ရှားချိန်တွင် စပ်ခြင်းဖြစ်သည်။
1. Man suppose should not live by bread alone
He suppose should live by the word of God
Food is com-ing by the command of God
Depend on God’s word instead of food.
Chorus
O you be-liever like worldly people
Why you worry and tremble
Standing upon promise of God
In this world live as overcomer.
2. When God led Israelites out of Egypt
Where there is no food four-ty years
He fed them with they never knew
With man-na bread abundantly.
Chorus
O you be-liever like worldly people
Why you worry and tremble
Standing upon promise of God
In this world live as overcomer.
3. When there was a fa-mine in Canaan
God provided Elijah food abun-dantly
through a raven and a widow
Nothing is impos-sible for God.
Chorus
O you be-liever like worldly people
Why you worry and tremble
Standing upon promise of God
In this world live as overcomer.
This song was composed in 1988, when rice
was in short supply due to nationwide protests
against the government in Burma.
Translated into English on August 30, 2026.