ယေရှုကိုချစ်သည်/

ယေရှုကိုချစ်သည်

KEY: E
၁။ ကျွန်ုပ်၏သက်တာခရီးလမ်း၊
စိုးရိမ်ကြောက်ရွံ့ခြင်းမရှိသက်တာခရီး
ကုန်ဆုံးသောခါပို၍ကျွန်ုပ်ဝမ်းမြောက်မည်၊
ယေရှုရှင်၏ချစ်မေတ္တာကြောင့်၊
ကျွန်ပ်သီချင်းဆိုနိုင်သည်
သူသည်ကျွန်ုပ်ကယ်တင်ရာအရှင်မင်းမြတ်ပေ။ 

CHO: ယေရှုကိုချစ်သည်၊ယေရှုကိုချစ်သည်
      ယေရှုမေတ္တာတော်အောက်၌သက်ရှင်လျက်နေ
      သူ၏မေတ္တာတိုး၍ကျွန်ပ်သိလာ
      ယေရှုကိုချစ်၍အစဉ်ကျွန်ုပ်ချီးမွမ်းမည်

၂။ တနေ့ကျွန်ုပ်အိမ်သို့ပြန်မည်သက်တာလမ်းခရီး
ဆုံးသောအခါယေရှုရှင်ကိုဖူးတွေ့ရမည်၊
ခြေတော်ရင်းမှာဒူးထောက်လျက်
အောင်မြင်ခြင်းသရဖူဆောင်းကာ၊
ကျေးဇူးတော်ကိုချီးမွမ်းလျက်
အစဉ်ချီးမွမ်းရင်းယေရှုကိုထပ်ပြောမည်။ 

CHO: ယေရှုကိုချစ်သည်၊ယေရှုကိုချစ်သည်
      ယေရှုမေတ္တာတော်အောက်၌သက်ရှင်လျက်နေ
      သူ၏မေတ္တာတိုး၍ကျွန်ပ်သိလာ
      ယေရှုကိုချစ်၍အစဉ်ကျွန်ပ်ချီးမွမ်းမည်